Zawgyi
အကယ်၍ ရိုစီဇူးမှာသာ သူမရဲ့ဆိုင်ကယ်ရှိလို့နေသေးရင် သူမတို့ Harika မြို့ရဲ့သံထုထည်တံတိုင်းကြီးဆီကို ရောက်ဖို့ အချိန်၂နာရီသာ ကြာပေလိမ့်မယ်... အဲ့ဒီဆိုင်ကယ်မရှိတော့တာကြောင့် မိုင်ဒါနဲ့ ရိုစီ့အတွက် မိုင်တစ်ရာဝေးကွာလို့နေတဲ့ ရွှေရောင်မြို့တော်ကို ရောက်ဖို့ရာရက်ပေါင်းများစွာ ကြာသွားနိုင်လိမ့်လေမယ်...
ဘာကြောင့် မိုင်ဒါ ဟာ ဒီအမျိုးသမီးဇာတ်လိုက်နဲ့ အတူရှိဖို့ ဆုံးဖြတ်လိုက်ရတာလဲ???
ဘာကြောင့်လဲဆိုတော့ ရိုစီဟာ မိုင်ဒါ ရွှေရောင်မြို့တော်ကိုအလွယ်တကူ လိုက်ပါသွားနိုင်မယ့် ၀င်ခွင့်လတ်မှတ်ဖြစ်နေလို့ပါပဲ... သူမသာ ဒီမင်းသမီးလေးနဲ့အတူရှိနေရင် သူမတို့ Harika ကိုရောက်ပြီဆိုတာနဲ့ ဒီကြင်နာတတ်ပြီး အယုံလွယ်တဲ့မိန်းကလေးဟာ မိုင်ဒါ ရဲ့ကူညီမှုနဲ့ ကြင်နာခဲ့မှုအတွက် သေချာပေါက် ကျေးဇူးပြန်ဆပ်ပေလိမ့်မယ်...သို့သော်ငြား ဒီမင်းသမီးလေးကို ပြန်ပို့ဖို့ဆိုတာဟာ စိန်ခေါ်မှုတစ်ခုလိုပါပဲ...
ပုံမှန်အားဖြင့် ဒဏ်ရာရနေတဲ့တိရိစ္ဆာန်လေးတစ်ကောင်ကို သာမန်လူတွေမြင်ရင် သနားပြမယ်... ဒါမှမဟုတ်ရင် မသိချင်ယောင်ဆောင်သွားကြပေလိမ့်မယ်... တစ်စုံတစ်ယောက်ဟာ သနားသည်ဖြစ်စေ၊ မသိချင်ယောင်ဆောင်သည်ဖြစ်စေ ဘယ်သူကမှတော့ ထိုသတ္တ၀ါလေးကို သေချာနေရာမှာရပ်ပြီး ကယ်တင်ဖို့တော့ မကြိုးစားကြလေဘူး မဟုတ်လား...
ကံမကောင်းစွာနဲ့ပဲ မိုင်ဒါ့ အတွက်ကတော့ ရိုစီဟာ သာမာန်လူမဟုတ်လေဘူး... ရိုစီဟာ ရပ်ပြီး ထိုဒဏ်ရာရနေတဲ့ ငှက်ငယ်လေးကို ကယ်တင်ခဲ့ရုံသာမက ဒီ့အတွက်ပဲ တစ်နေကုန်ပြေးလွှားနေခဲ့လေတယ်... မိုင်ဒါ့ ကိုယ်အတွင်းက ၀ိဥာဉ်ဟာ သူတော်စင်တစ်ယောက်မဟုတ်တာကြောင့် ဒီအမျိုးသမီးဇာတ်လိုက်ရဲ့အတွေးတွေကို ဖတ်နိုင်ခြင်းမရှိလေဘူး... လက်ရှိအခြေအနေမှာ သူမတို့မှာ ကံမကောင်းတဲ့ တိရစ္ဆာန်လေးတွေကို ဂရုစိုက်ကယ်တင်ဖို့ရာ သက်တောင့်သက်သာရှိလို့မနေလေဘူး... မိုင်ဒါ့ရဲ့ လက်တလောဦးစားပေး လုပ်ဆောင်ချင်တဲ့အချက်ကတော့ သူမတို့ရဲ့ အစားအစာရိက္ခာထောက်ပံ့မှုတွေ မပြတ်တောက်ခင်မှာ ရွှေရောင်မြို့တော်ကို မြန်မြန်ရောက်ရှိဖို့ဖြစ်လေတယ်... အရေးအကြီးဆုံးကိစ္စကတော့ ဒီလို သက်ရှိကင်းမဲ့နေတဲ့ တောအုပ်ကြီးထဲမှာ သူမတို့အချိန်ကြာကြာနေဖို့ ဘာအကြောင်းမှမရှိလေဘူး...
YOU ARE READING
2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)
Actionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...