အခန်း ၆: အက်စတွန်ဇက်

15K 1.6K 27
                                    

Zawgyi~

မိုင်ဒါဟာ Gobi အဖွဲ့ဝင်တွေနဲ့အတူနေခဲ့တာ လေးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုတောင် လျှင်မြန်စွာကုန်ဆုံးလို့သွားခဲ့လေပြီ... လေးနှစ်ဆိုတဲ့ ရှည်ကြာတဲ့ကာလတစ်ခုဖြစ်ပေမယ့် မာဖီးယားခေါင်းဆောင်နဲ့ပတ်သတ်မှုကတော့ အခုထက်ထိ သုညကနေ တက်မလာသေးပါဘူး... ထိုသူ့ကို နေ့တိုင်း ကော်ဖီနဲ့အစားအသောက်တွေပို့ဆောင်ရင်း နေတိုင်းတွေ့ရအောင် ကြိုးပမ်းတဲ့ သူမရဲ့ ကြိုးပမ်းမှုနဲ့ဆန့်ကျင်လှစွာပဲ ထိုသူကတော့ သူမကို တစ်ချက်တောင်မကြည့်ခဲ့လေဘူး... သူမဘယ်လိုလှည့်ဖျားမှုပဲလုပ်လုပ်- ဥပမာ ကော်ဖီတွေကို တမင်တကာ သူ့စားပွဲပေါ်ကိုမတော်တဆဟန်နဲ့ မှောက်ချပစ်လိုက်တာမျိုးလုပ်ပေမယ့် ထိုသူဟာ အေးဆေးလှစွာပဲ ဘာမှမဖြစ်ခဲ့သလို သုတ်လိုက်လေတာမျိုးပေါ့...

အဲ့ဒီအစားသူမရဲ့ လှည့်ဖျားမှုတွေကျဆုံးသွားတဲ့အခါတိုင်း ကြောက်စရာမျက်နှာပိုင်ရှင် သူ့ညာလက်ရုံးဟာ သူမကို ရုံးခန်းထဲက ကန်ထုတ်လေတယ်... ဒါကြောင့်ပါပဲ မာဖီးယားခေါင်းဆောင်ကြီးသူမကို ကြည့်လာစေဖို့ နှစ်အတန်ကြာကြိုးပမ်းမှုအပြီးမှာ မိုင်ဒါဟာ သူမရဲ့ မိန်းမပီသမှုကို သံသယ၀င်လို့လာတယ်...

"အန်ကယ်ဆီးယား..."

သူမရဲ့နောက်ဆုံးတကြိမ် အက်စတွန်ဆီက အာရုံစိုက်မှုကိုရယူခြင်းရဲ့ ကျဆုံးမှုအပြီးမှာတော့ မိုင်ဒါဟာ မီးဖိုချောင်ထဲကို ပြန်လာခဲ့လေတယ်... အသက်၁၆အရွယ်မိန်းကလေး မီးဖိုချောင်ထဲဝင်လာတဲ့အခါမှာ အန်ကယ်ဆီးယားဟာ ကျွန်းရဲ့အဆုံးက ခုံပေါ်မှာထိုင်နေပြီး လက်ဖက်ရည်တစ်ခွက်ကိုအရသာခံသုံးဆောင်လို့နေလေတယ်... ဘာမှမသယ်ဆောင်လာတဲ့ ဗန်းကို ဗြန်းကနဲမြည်အောင်ချလိုက်ရင်း ဆူပုတ်နေတဲ့အမူအရာနဲ့ ချစ်စဖွယ်မိန်းကလေးဟာ သူမလုပ်နေကျ လက်ဟန်နဲ့ စကားစပြောတော့လေတယ်..

"အန်ကယ်ဆီးယား... သမီး ရုပ်ဆိုးလား...???"

သူမရဲ့ မေးခွန်းကိုမြင်တဲ့အခါမှာ အန်ကယ်ဆီးယားဟာ သူ့လက်ဖက်ရည်ကိုထွေးထုတ်မိတော့မလိုတောင်ဖြစ်လို့သွားလေတယ်... သူ့ရှေ့မှာ ရပ်နေတဲ့ထိုမိန်းကလေးဟာ ညစ်ပေပြီး အာဟာရချို့တဲ့နေတဲ့ကလေးမလေးအဖြစ်ကနေ သွက်လက်ချက်ချာတဲ့ မိန်းမငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့တာ အတန်ကြာခဲ့လေပြီ... သူမရဲ့ ကောက်ကွေးတွန့်လိမ်နေခဲ့တဲ့ အနက်ရောင်ဆံပင်တွေဟာလည်း အခုဆိုရင် ရှည်လျားဖြောင့်စင်းပြီး ပိုးသားထက်ကိုနူးညံ့လို့နေခဲ့ပြီ... သူမရဲ့ ၀ါကျင့်ကျင့် ပျက်စီးနေခဲ့တဲ့အသားအရေဟာလည်း အခုဆို ခရင်မ်ဖြူရောင်နဲ့ မက်မုံသီးရောင်ရောစပ်ထားတဲ့ အသားအရောင်လိုမျိုးပြောင်းလဲလို့ လာခဲ့ပြီ... သူမရဲ့ မြစိမ်းရောင် ကျောက်မျက်ဆန်ဆန် မျက်လုံးတွေသာ ယခင်အတိုင်း စူးလက်စွာမပြောင်းလဲပဲ ကျန်ရှိနေသေးတာဖြစ်တယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Nơi câu chuyện tồn tại. Hãy khám phá bây giờ