အခန်း ၁၂: အက်စတွန်ဇက်

20.5K 1.6K 43
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ ပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးများ ဖတ်ရန်မသင့်ပါ...

______________________________________

"မစ္စတာ အက်စတွန် ဘာတွေဖြစ်တာလဲ...???"

ပန်းရောင်ဝတ်စုံနဲ့အမျိုးသမီးဟာ သူ့လက်မောင်းတွေကြားမှာ မိုင်ဒါ့ကိုပွေ့ထားတဲ့ ဇက်အက်စတွန်ကို မြင်လိုက်ရတဲ့အခါမှာတော့ နှုတ်ခမ်းဆူရင်းမေးလေတယ်...

"ကျွန်မတို့ စီးပွားရေးကိစ္စဆွေးနွေးစရာရှိသေးတယ်မလား...???"

ညုတုတုအသံမကွဲတဲ့ ထိုအမျိုးသမီးရဲ့ အသံကြောင့် မိုင်ဒါဟာ ဇက်အက်စတွန်ရဲ့ ရင်ဘတ်ကို ပို၍သာ တိုးကာ ရိုက်ပုတ်နေမိတော့တယ်...

"ထွက်သွား..." ဒီစကားဟာ ခံစားချက်မဲ့နေတဲ့ ထိုသူ့ပါးစပ်ကထွက်လာတဲ့ ထိုအမျိုးသမီးကိုရည်ရွယ်တဲ့ တစ်လုံးတည်းသောစကားပါပဲ...

ရုံးခန်းကိုဖြတ်ပြီး သူ့ရဲ့ကိုယ်ပိုင်နားနေဆောင်ဆီကိုဦးတည်ကာ ဇက်အက်စတွန် လျှောက်လို့သွားလေတယ်... တံခါးကို အသံကျယ်လောင်စွာ ဆောင့်ပိတ်လိုက်ခြင်းကြောင့် ကြီးမားတဲ့ရုံးခန်းအလယ်မှာ ကျန်ရစ်နေခဲ့တဲ့ ပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ တုန်တက်သွားလေတော့တယ်... တဖက်မှာတော့ ရုန်းကန်တွန်းထိုးနေတဲ့မိုင်ဒါကို သယ်ဆောင်ပြီး ဇက်အက်စတွန်ဟာ အိပ်ယာဆီသို့ သယ်ဆောင်သွားရင်း ကြီးမားလှတဲ့ ကုတင်ပေါ်မှာ သူမကို ချထားလိုက်လေတော့တယ်...

"စိတ်လျော့ပါဦး မိုင်ဒါ..." သူမရဲ့လက်ကောက်ဝတ်တွေခေါင်းအထက်မှာ ပင့်တင်ကာ မြဲမြံစွာ ဖမ်းဆုပ်လို့ထာားပြီး ဇက်အက်စတွန်ဟာ သူ့မရဲရုန်းကန်နေတဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ ကိုယ်အလေးချိန်နဲ့လှုပ်မရနိုင်အောင် ဖိလို့ထားလေတယ်...

မိုင်ဒါကတော့ သူ့ကို ခါးသီးမုန်းတီးလှစွာ စိုက်ကြည့်လို့နေလေတယ်... သက်ပြင်းအသာချလျက်ပါပဲ သူဟာ သူမရဲ့ပန်းရောင်နှုတ်ခမ်းတွေဆီ အနမ်းခြွေဖို့ရာ ခေါင်းငုံ့လိုက်ပေမယ့် မိုင်ဒါကတော့ ခေါင်းကို တစ်ဖက်လှည့်ချလိုက်ရင်း သူ့အနမ်းကို ငြင်းဆန်လိုက်လေတယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Where stories live. Discover now