အခန်း ၁၀: အက်စတွန်ဇက်

18.4K 1.6K 46
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ငယ်ရွယ်သူများ မသင့်တော်သောအကြောင်းအရာများပါဝင်သောကြောင့်သတိပြုပါရန်...(မူရင်းစာရေးသူရဲ့ warning ပါ)

စောင့်ဆိုင်းနေတဲ့ကားတွေရှိရာကိုဦးတည်ပြီး ဇက်အက်စတွန်ဟာ မိုင်ဒါကို မှောင်မိုက်နေတဲ့လမ်းကျဉ်းလေး တလျှောက်သယ်ဆောင်သွားခဲ့လေတယ်...
ကားထဲကိုရောက်တာနဲ့ ဇက်အက်စတွန်ဟာ မိုင်ဒါ့ကို သူ့ပေါင်ပေါ်မှာ အိပ်စက်စေလေတယ်... လက်တစ်ဖက်က သူမခါးကိုပွေ့ထားလျက်ပါပဲ ဒီမာဖီးယားခေါင်းဆောင်ဟာ ကားရဲ့နောက်ဘက်ခုံမှာ သက်တောင့်သက်သာဟန်နဲ့ ထိုင်လိုက်ရင်း ကျန်လက်တစ်ဖက်ရဲ့ တံတောင်ဆစ်ကို ကားပြတင်းဘောင်ပေါ်မှာ တင်ထားကာ သူ့မေးကို ထိုလက်ရဲ့လက်သီးဆုပ်နဲ့ အသာထောက်ထားလေတယ်...

သူဟာ မိုင်ဒါ့ကို တင်းကြပ်စွာပွေ့ဖက်ထားပေမယ့် တစ်စက်မှ အဖက်မလုပ်တာကတော့ အရင်အတိုင်းပါပဲ... ဒါဟာ ဒုတိယဇာတ်လိုက်ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို စမ်းသပ်နိုင်တဲ့အခွင့်အရေးဖြစ်တာကြောင့် မိုင်ဒါဟာသူ့ရဲ့ပွေ့ဖက်မှုကနေ တီတစ်ကောင်လို တွန့်လိမ်ရုန်းကန်ဖို့ ကြိုးစားကြည့်လိုက်တဲ့အခါမှာ သူမရဲ့တင်သားတွေရဲ့လှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းဆီက တစ်စုံတစ်ရာရဲ့မာကြောမှုကို အာရုံခံမိလိုက်လေတော့မှ သူမရဲ့လှုပ်ရှားမှုတွေကို မိုင်ဒါဟာ ရပ်တန့်လိုက်လေတယ်...

"လိမ်လိမ်မာမာနေ..." ဇက်အက်စတွန်ဟာ သူမကို ပွေ့ဖက်ထားမှုကို ပိုမိုတင်းကြပ်ထားလိုက်လေရင်း သူမရဲ့ သေးသွယ်တဲ့ ကိုယ်လုံးလေးကို သူ့ရဲ့ကြွက်သားအပြည့် ခန္ဓာနဲ့ မလှုပ်နိုင်အောင် ဆောင်ရွက်လိုက်လေတယ်...

လှောင်ရယ်လိုစိတ်ကို ချိုးနှိမ်လျက်သာပါပဲ မိုင်ဒါဟာ တကယ်က လိမ်လိမ်မာမာနေဖို့ရာ မတွေးလေဘူး... သူမ နောက်တဖန် တွန့်လိမ်ခြင်းမပြုနိုင်ခင်မှာ ဇက်အက်စတွန်ဟာ သူမရဲ့ မေးဖျားကို ဖမ်းဆုပ်လိုက်ရင်း သူ့ရဲ့ နက်နဲပြီး အန္တရာယ်ရှိတဲ့ မျက်ဝန်းတွေကို မော့ကာကြည့်စေလေတယ်...

ဒီစက္ကန့်အတွင်းမှာပဲ မိုင်ဒါ ထင်လိုက်တာက ထိုသူဟာ ခေါင်းငုံ့လာပြီး သူမကို အနမ်းချွေလေမယ်ပေါ့... အဲ့ဒီအစား ထိုသူဟာ သူမမျက်လုံးတွေကို ငုံ့၍သာ ကြည့်လို့နေလေတယ်... ဒီမာဖီးယားခေါင်းဆောင်ဟာ သူမကို အနမ်းမချွေလေမှန်း နားလည်သွားတဲ့အခါမှာတော့ မိုင်ဒါဟာ သူမဘက်က စလှုပ်ရှားဖို့ စဉ်းစားလိုက်လေတယ်... ဘယ်လိုပဲဖြစ်ဖြစ် မိုင်ဒါ့ ကိုယ်တွင်းက၀ိဥာဉ်ဟာ ဟီရိသြတ္တပ္ပရှိသူတစ်ယောက်မှ မဟုတ်တာပဲလေ...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Donde viven las historias. Descúbrelo ahora