အခန်း ၁၁: အက်စတွန်ဇက်

20.8K 1.7K 53
                                        

Zawgyi

အောက်ပါအကြောင်းအရာတွင် kiss scene များ ကြမ်းတမ်းစွာ ပါဝင်သောကြောင့် ငယ်ရွယ်သူများ ဖတ်ရန်မသင့်ပါ...(နောက်ဆို မူရင်း author အတိုင်း warning မထည့်တော့ပါဘူး... ကိုယ်ဖတ်တုန်းကလိုပဲ ဂျင်းမိပြီး စိတ်ပျက်ကုန်မှန်း သိနေလို့... 😆) btw. Chp 16ဆိုဇာတ်သိမ်းပါပြီနော်...
_____________________________________

Gobi သားရဲတွင်းဆီကို သူတို့ပြန်ရောက်တဲ့အခါမှာ မိုင်ဒါထင်တာဟာ ဒီမာဖီးယားခေါင်းဆောင် သူမကို ပွေ့ခေါ်သွားလိမ့်မယ်ပေါ့... အဲ့ဒီအစား ထိုသူကတော့ ကားထဲကထွက်ထွက်ချင်းမှာပဲ သူမဘာသာ လမ်းလျှောက်စေလေတယ်... ဒေါသထွက်နေတဲ့ လူအိုကြီး သူမဆီပြေးမလာခင်အထိ မိုင်ဒါဟာ သူမဆက်ဆံခံရတဲ့ အဲ့ဒီအခြေအနေမှာ တွေဝေလို့နေလေတယ်...

အန်ကယ်ဆီးယားရဲ့ မျက်လုံးတွေဟာ ဒေါသတွေရော စိတ်ပူပန်မှုတွေပါ ပြည့်လို့နေရင်း သူ့လက်ဟန်နဲ့ ချက်ချင်းစကားပြောလို့လာတယ်... မိုင်ဒါဟာ သူမဘာသာထွက်ပြေးရင်း ပြန်ပေးဆွဲခံရလောက်သည်အထိ ဘယ်လောက်တောင်မှ သတိမထားနိုင်ရတာလဲဆိုတာအပေါ် လက်ဟန်နဲ့ ဆူပူရင်း မသဲမကွဲအော်ဟစ်နေသံဟာ ဘယ်လောက်တောင် ကျယ်လောင်လို့နေသလဲဆိုတာကို အန်ကယ်ဆီးယားဟာ နားမကြားနိုင်တဲ့အတွက် သတိမမူမိလေဘူး...

မိုင်ဒါရှင်းပြဖို့ အခွင့်အရေးမရခင်မှာတင် ထိုလူကြီးဟာ မိုင်ဒါ့ကို အပြစ်ပေးဖို့ရာစပြောလေတော့တယ်...
မြို့ထဲကို ထပ်မလွှတ်တော့ဘူး... ဒီသားရဲတွင်းကနေ ထွက်ဖို့ အခွင့်မရှိဘူးနဲ့... ခေါင်းဆောင်ကြီးဆီကို ကော်ဖီပို့ခွင့် တစ်လပိတ်ပင်ခြင်းတို့ပဲဖြစ်လေတယ်...
နောက်ဆုံး အပြစ်ဒဏ်မှာ ထိတ်ပြာလှစွာပဲ မိုင်ဒါဟာ ခံရခက်ဟန်နဲ့ ငိုကြွေးတော့လေဟန်ပြုပေမယ့် ဘယ်သူကမှ သူမကို မသနားကြဘူး... အထူးသဖြင့် ဘဏ္ဍာထိန်းကြီးကိုယ်တိုင်လဲမသနားလေဘူး...

သို့သော်ငြား မိုင်ဒါ့ကို အမျက်ခြောင်းခြောင်းထွက်စေတာကတော့ သူမဟာ သနားဖွယ်ကောင်းလောက်အောင် အန်ကယ်ဆီးယားဆီမှာ အဆူခံနေရချိန်မှာ သူမနားက ဖြတ်လျှောက်သွားတဲ့ Gobi အဖွဲ့ဝင်တွေရဲ့ မျက်နှာပေး အထူးသဖြင့် မာဖီးယားခေါင်းဆောင်ကြီးရဲ့ မျက်နှာပေါ်က ခပ်လှောင်လှောင် ရယ်ချင်တဲ့အမူအရာကိုပါပဲ... ဒါဟာ သူတို့အားလုံးဟာ မိုင်ဒါ့ရဲ့ ထွက်ပြေးမှုကို အပြစ်ပေးဖို့ရာတာဝန်ကို ဘဏ္ဍာထိန်းဖြစ်တဲ့ အန်ကယ်ဆီးယားဆီကို အာဏာကုန်လွှဲအပ်ထားလေမှန်းသိသာလွန်းလှတယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Место, где живут истории. Откройте их для себя