အခန်း ၉: အက်စတွန်ဇက်

17K 1.7K 30
                                    

Zawgyi

မိုင်ဒါ သတိပြန်လည်လာတဲ့အခါမှာတော့ သူမပထမဆုံးမြင်လိုက်ရတာဟာ လက်ကောက်ဝတ်ပေါ်က သံကြိုးတွေပါပဲ... ငြိမ်သက်စွာနေနေလျက်သာပဲ မိုင်ဒါ ဟာ သူမပတ်ဝန်းကျင်ကိုလေ့လာလိုက်တဲ့အခါမှာတော့ မတ်တပ်မရပ်နိုင်ပေမယ့် ထိုင်နေနိုင်ရုံ အကျယ်အ၀န်းရှိတဲ့ အနက်ရောင် လှောင်အိမ်တစ်ခုထဲမှာ သူမရှိနေတာဖြစ်ကြောင်း သတိထားမိလိုက်လေတယ်... ထပ်ပြီး သတိထားမိတဲ့အချက်ဟာတော့ လှောင်အိမ်ပြင်ပက လိုက်ကာကြီးတစ်ခုဖြစ်ပြီး ထိုမှတဆင့်သုံးသပ်ရရင်တော့ သူမ ရှိနေတဲ့ ဒီလှောင်အိမ်ဟာ စင်မြှင့်တစ်ခုပေါ်မှာဆိုတာပဲဖြစ်လေတယ်...

"လူကြီးမင်းများခင်ဗျာ... လူကြီးမင်းတို့အတွက် ကမ္ဘာပေါ်က အကောင်းဆုံး ရတနာတွေကို မြင်တွေ့နိုင်မယ့် ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ ပြပွဲကနေ ကြိုဆိုလိုက်ပါတယ်..."

မိုက်ကရိုဖုန်းကနေကြားလိုက်ရတဲ့ စကားပြောသံတစ်သံကြောင့် မိုင်ဒါဟာ နှာခေါင်းရှုံ့လိုက်မိတယ်... စကားပြောနေတဲ့ သူဟာ ဒီလေလံရုံရဲ့ပိုင်ရှင်ဖြစ်ပြီး ထိုသူ့ထံမှအသံကလွဲလို့ ပတ်ဝန်းကျင်ဟာ လုံးဝတိတ်ဆိတ်လို့နေလေတယ်... ထိုတခဏမှာပဲ မိုင်ဒါဟာ သူမဟာလည်း လေလံကုန်တစ်ခုဆိုတာ သိရှိသွားခဲ့လေတော့တယ်...

"ပထမဆုံးပစ္စည်းကတော့ အရမ်းကိုရှားပါးလှတဲ့ တွေ့ရှိမှုလေးတစ်ခုပါပဲ..."

သေချာပါပြီ... သူမလေလံတင်ခံရတော့မယ်... ထိုသူပုံကြီးချဲ့ပြောဆိုနေတဲ့ သူမဘယ်လောက် "ရှားပါးတယ်" ဆိုတဲ့ အကြောင်းကို နားထောင်လျက်သာပဲ ဘယ်သူမှ နားမလည်နိုင်တဲ့ သူမရဲ့ အေးဆေးတည်ငြိမ်လှတဲ့ သူမတူဟန်ပန်နဲ့ မိုင်ဒါဟာ လှောင်အိမ်ထဲမှာ ဆက်လက်ကာလှဲလျောင်းနေလိုက်လေတယ်...

လိုက်ကာမမြှင့်တင်ခင်မှာတော့ မိုင်ဒါဟာ နောက်ထပ်တွေ့ကြုံလာရတော့မယ် ကိစ္စတွေအတွက် လှောင်ပြုံးပြုံးရုံသာတတ်နိုင်လေတော့တယ်...

သူမကို ရောင်းမယ်တဲ့လား??? ကောင်းပြီလေ- သေချာပေါက် ဈေးအမြင့်ဆုံးနဲ့ အရောင်းခံရအောင် လုပ်ပြမယ်...

"ခေါ်ဈေးဟာတော့ ရွှေဒင်္ဂါး ၁သောင်းကနေ စတင်ပါမယ်..."

လိုက်ကာ ပင့်တင်လိုက်တဲ့အခါမှာတော့ လှောင်အိမ်အတွင်းက အိပ်ယာပေါ်မှာ လှဲလျောင်းနေတဲ့ ပန်းနုရောင်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ အဖြူရောင်လေးရဲ့ သနားချင်စရာပုံရိပ်ကို အလင်းရောင်တစ်ခုဟာ မီးမောင်းထိုးပြလို့နေတယ်... ဒီမိန်းကလေးဟာ ၁၆နှစ် စွန်းစွန်းရှိရုံသာဖြစ်ပြီး အိပ်ယာကနေ ဖြေးဖြေးချင်းနိုးထလာတဲ့ဟန်ပန်နဲ့ ခေါင်းကို အသာမော့လိုက်လေတယ်... သူမရဲ့ ပိုးသားလို နက်မှောင်နေတဲ့ ဆံနွယ်ရှည်တွေဟာ တံတောင်တလျှောက် ဝေ့၀ဲဖြာကျနေပြီး သူမဟာ ပတ်ပတ်လည်မှာရှိတဲ့ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ကို ထိတ်လန့်စွာ မော့ကြည့်လိုက်လေတယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Onde histórias criam vida. Descubra agora