အခန်း ၃: အက်စတွန်ဇက်

15.1K 1.6K 15
                                    

Zawgyi

မိုင်ဒါဟာ သွေးအရသာကိုခံစားလာရတာကြောင့် သူမ လွှတ်ပေးလိုက်တဲ့အခါမှာ ထိုသူ့လက်ပေါ်က အကွင်းလိုက်သော သွားရာကို မြင်လိုက်ရတယ်... ဆိုးဆိုးရွားရွား အကိုက်ခံလိုက်ရတာနဲ့ ဆန့်ကျင်လှစွာပဲ ဇက်အက်စတွန်ဟာ နည်းနည်းလေးမှ မတွန့်ဆုတ်သွားလေဘူး...

ဒီရင်းနှီးနေကျ မျက်ဝန်းတွေကို သူမဟာ မော့ကြည့်လိုက်ရင်း မိုင်ဒါ ကိုယ်ထဲက ၀င်စားတဲ့စိတ်ဝိဥာဉ်ဟာ တုန်လှုပ်လို့လာတယ်... ဒီလူ့ရဲ့မျက်နှာပေါ်က ခံစားချက်တွေကို မဖတ်နိုင်တာဟာ သူမအတွက် ဒါပထမဆုံးသော အကြိမ်ပါပဲ...

"ဒီကလေးမလေးက ဘယ်လောက်လဲ???..." ဇက်အက်စတွန်ရဲ့ မျက်လုံးတွေဟာ ညစ်ပေနေတဲ့ မိုင်ဒါရဲ့ မျက်နှာကို စူးစိုက်ကြည့်နေရင်း ပြည့်တန်ဆာအိမ်ပိုင်ရှင်အမျိုးသမီးကြီးကို မေးခွန်းထုတ်လိုက်တယ်...

သူ့မေးခွန်းကို ကြားလိုက်ရတဲ့အခါမှာတော့ အားလုံးဟာ အံ့အားသင့်ပြီး ရှုပ်ထွေးကုန်ကြတယ်... အံ့အားသင့်နေရာက ရုတ်ချည်းအသိဝင်လာတာကတော့ ပြည့်တန်ဆာအိမ်ပိုင်ရှင်ပါပဲ...

ဒီလိုမျိုး ဒုက္ခမျိုးစုံပေးနေတဲ့ ကောင်မလေးကိုရှင်းထုတ်နိုင်မယ့်အပြင် အမြတ်ပါရနိုင်ဦးမယ့် အခွင့်အရေးကိုမြင်မိတဲ့အခါမှာတော့ ထိုအမျိုးသမီးကြီးဟာ ချက်ချင်းဆိုသလိုပဲ ဈေးကို ရွှေဒင်္ဂါးတစ်ရာအဖြစ် သတ်မှတ်လိုက်တယ်... Gobi အဖွဲ့ဝင်တွေဟာ ပိုင်ရှင်မိန်းမရဲ့ ဒီမိန်းကလေးအပေါ်သတ်မှတ်လိုက်တဲ့ မတန်တဆဈေးကို ကြားလိုက်ရတဲ့အခါမှာတော့ မျက်မှောင်ကျုံ့မိကြလေတယ်...

တဖက်မှာ မိုင်ဒါကတော့ သူမအတွက်သတ်မှတ်လိုက်တဲ့ဈေးနှုန်းအပေါ် ခံပြင်းလို့သာနေလေတယ်... (ဈေးနည်းတယ်ထင်တာပါ) ဇက်အက်စတွန်ဟာ မိုင်ဒါရဲ့ မျက်နှာကနေ အကြည့်မလွှဲသေးတာကြောင့် ဒီမိန်းကလေးငယ်လေးရဲ့ စူးရှတဲ့မျက်လုံးထဲက အကြည့်တွေကို သတိပြုမိလို့သွားတယ်...

"မင်းနာမည် ဘယ်လိုခေါ်လဲ...???" ဇာက်အက်စတွန်ဟာ ရုတ်တရတ် မိုင်ဒါ့ကို မေးလိုက်တယ်...

မိုင်ဒါဟာ သူမရဲ့ပါးစပ်တွေကို ဖွင့်ပြီးဖြေဖို့လုပ်တဲ့အခါမှာ တုန်လှုပ်စွာနဲ့သိလိုက်ရတာကတော့ တိုးသဲ့ပြီး မကွဲပြားတဲ့ အသံလေးသာ ထွက်လို့လာတာပဲဖြစ်လေတယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Where stories live. Discover now