Zawgyi~
ငါ့မျက်လုံးတွေဖွင့်လိုက်တဲ့အခါမှာ မျက်ရည်တွေ တထွေထွေကျနေမှန်း ခံစားလိုက်ရတယ်... ရင်းနှီးနေကျငါ့အိပ်ခန်းရဲ့ အဖြူရောင် မျက်နှာကျက်ဟာ ငါ့ရဲ့မူလခန္ဓာထဲကို ငါပြန်ရောက်နေပြီဆိုတာမှန်း အသိပေးနေလေတယ်...
Bob: "ပြန်လာတာကို ကြိုဆိုပါတယ်..."
"ရှင့်ကိုမုန်းတယ်..." လက်ကျန်မျက်ရည်တွေကို သုတ်ရင်း ငါဟာ ခါးသီးစွာ ဆိုလိုက်တော့တယ်...
ဇက်အက်စတွန်နဲ့ မိုင်ဒါရဲ့ သေဆုံးမှုအပြီးမှာ ငါဟာ ဇာတ်လမ်းရဲ့အဆုံးသတ်ကို မြင်တွေ့လိုက်ရတယ်... မိုင်ဒါ ပြိုကျနေတဲ့ဂူထဲကို ပြန်ဝင်သွားပြီး သိပ်မကြာခင်မှာပဲ များစွာသော စစ်တပ်ရဲ့ တင့်ကားတွေဟာ အရှိန်ပြင်းပြင်းဝင်ရောက်လာလေတယ်... အဲရင်းလဲ ဟာ မိုင်ဒါ့ကိုဘေးကင်းရာခေါ်သွားဖို့ အရမ်းနောက်ကျသွားခဲ့ပြီ...
ကြောက်စရာဥက္ကာခဲမိုးတွေကိုမြင်တဲ့အခါမှာ အဲရင်းလဲဟာ စကားမပြောနိုင်တဲ့အဲ့ဒီမိန်းကလေးကို ဦးစွာသတိရမိတာဖြစ်လေတယ်... သူဟာ ဇက်အက်စတွန်ကို အောင်မြင်စွာ ဒဏ်ရာရစေပြီးတဲ့နောက်မှာ ဒါဟာ မိုင်ဒါ့ကို သွားရောက်ကယ်တင်နိုင်မယ့် ပြီးပြည့်စုံတဲ့အခွင့်အရေးလို့ ထိုစစ်သူကြီးဟာ ထင်ခဲ့လေတယ်...
သူမတွေးထားခဲ့မိတာကတော့ သူGobi သားရဲတွင်းထဲရောက်သွားချိန်မှာ မိုင်ဒါဟာ ပြိုကျနေတဲ့ ဂူဆီကို လျှင်မြန်စွာ ပြေးထွက်သွားတဲ့ မြင်ကွင်းပဲဖြစ်လေတယ်... သူဟာ သူမကို ထိတ်လန့်လှစွာ အော်ခေါ်ပေမယ့် သူမကတော့ တစ်ချက်လေးသော်မှ လှည့်မကြည့်လေဘူး... သူမနောက်ကို လိုက်သွားဖို့ကြိုးစားတဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက်ဟာ ပိတ်ကျသွားခဲ့လေပြီ... အဲရင်းလဲဟာ တခြားဝင်ပေါက်ကို ရှာဖို့ကြိုးစားချင်ပေမယ့် သူ့စစ်သားတွေဟာ သူ့ကိုပြန်ဆွဲထားခဲ့တယ်...
ဘယ်သူ့အတွက်မဆို ဂူထဲဝင်ဖို့ရာ အရမ်းနောက်ကျလို့နေပြီ...
ထို့နောက်မှာတော့ မူလဇာတ်ကြောင်းအတိုင်းပဲဆက်ဖြစ်လို့သွားလေတယ်...- ကျန်ရှိနေတဲ့ မြေပြင်ဟာ လုံးဝကို ပျက်သုန်းသွားခဲ့လေပြီ... အဓိကဇာတ်လိုက်အမျိုးသားဟာ ဘေးကင်းစွာရွက်လွှင့်သွားတဲ့ သဘောင်္တစ်စင်းပေါ်ကို အဆင်ပြေပြေလိုက်ပါသွားနိုင်ခဲ့လေတယ်... အဓိကဇာတ်လိုက်အမျိုးသမီး ရိုစီဇူး ဟာလည်း ထိုသဘောင်္ပေါ်မှာပဲပေါ့... အဲရင်းလဲကို သူမ မြင်တဲ့အခါမှာ မိုင်ဒါ့ကိုပါ အတူသူနဲ့ပါလာလေမလားလို့ မျှော်လင့်မိလေသေးတယ်... အဲ့ဒီအစား ထိုအမျိုးသားရဲ့ မျက်နှာပေါ်က ခံစားချက်မဲ့မှုကိုသာ သူမတွေ့လိုက်ရတော့တယ်... မျက်ရည်တွေသာ ကျဆင်းလေရင်း သူမဟာလည်း လှပတဲ့စကားမပြောနိုင်တဲ့အမျိုးသမီးလေးဟာ ဒီကမ္ဘာမှာ မရှိတော့ဘူးဆိုတာကို နားလည်လို့သွားတော့တယ်...
CITEȘTI
2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)
Acţiuneကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...