အခန်း ၁၃: အက်စတွန်ဇက်

18.7K 1.5K 37
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ ပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးများ ဖတ်ရန်မသင့်ပါ...
______________________________________

မိုင်ဒါနဲ့ မာဖီးယားခေါင်းဆောင်ကြီးရဲ့ကြားက ပတ်သတ်မှုဟာ အဲ့ဒီနောက်မှာတော့ သဘာဝကျစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်လေတယ်... ဒီလူဟာ သူမအပေါ် စိတ်ဝင်စားသလား စိတ်မ၀င်စားဘူးလားဆိုတာကို ထပ်မံမေးခွန်းမထုတ်လေတော့ပဲ မိုင်ဒါဟာ အရင်ကထက်ပို၍သာ ညို့ငင်ဆွဲဆောင်လေတော့တယ်... တဖက်မှာလည်း ဇက်အက်စတွန်ဟာ သူမရဲ့ ဆွဲဆောင်မှုတွေကို တောင့်ခံထားစရာမလိုတော့တာကြောင့် သူမရဲ့ အပြုအမူတွေမှာ တမင်တကာ စိတ်လိုလက်ရနဲ့ ကျရှုံးလေတော့တယ်...

နှစ်ဦးသားကြား နှလုံးသားချင်း သင့်မြတ်ဖို့ရာ နှစ်ပေါင်းများစွာကြာခဲ့ရတာကြောင့် ဒီချစ်သူနှစ်ဦးဟာ နေတိုင်းလိုလိုပဲ သူတို့ရဲ့ ချစ်မှုဋီကာကို ဖွင့်ဆိုကြလေတော့တယ်... မိုင်ဒါ့အတွက်ကတော့ ဒီလူ့ကို သူ့ရဲ့အလုပ်တွေထဲကနေ မကြာခဏဆိုသလို အာရုံပြောင်းကာ အလုပ်တွေကို နှောင့်နှေးအောင် သူမတတ်နိုင်သမျှ ဆွဲဆောင်လေတော့တယ်... ဒါဟာ ဒီနှစ်တွေထဲ မိုင်ဒါရဲ့ သူ့အပေါ်ဆွဲဆောင်မှုတွေမှာ ကျရှုံးခဲ့ရခြင်းအတွက် ပြန်ပေးဆပ်စေခြင်းပါပဲ... သူမ မသိတာက ဇက်အက်စတွန် လျစ်လျူရှုခဲ့ရတဲ့ အကြောင်းရင်းအားလုံးရဲ့ အရင်းခံဟာ သူမအတွက်ကြောင့်ဆိုတာပါပဲ...

"မြေခွေးလည်လေး..."

ထိုအမျိုးသမီးငယ်လေးဟာ ဘာမှမပါတဲ့ကော်ဖီခွက်တစ်ခုကိုတင်ဆောင်လာတဲ့ လင်ဗန်းကိုသယ်လာပြီး သူအလုပ်လုပ်နေတဲ့ စားပွဲပေါ်မှာ သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးပြနေတဲ့အခါမှာတော့ အက်စတွန်ဇက်ဟာ မတ်တပ်ထရပ်လိုက်ပြီး သူမရဲ့ပုခုံးနှစ်ဖက်ကို သူလက်တွေနဲ့ ဆုပ်ကိုင်ထားလိုက်လေတော့တယ်... ရှေ့ကိုအသာတိုးရင်း သူမရဲ့နှုတ်ခမ်းတွေကို ဖမ်းဆွဲယူဖို့ရာ သူ့ခေါင်းကို အသာငုံ့လိုက်တယ်... အမျိုးသမီးလေးရဲ့ခံတွင်းထဲက လက်ကျန်ကော်ဖီအရသာကိုခံစားမိလိုက်တဲ့အခါမှာတော့ သူမဟာ သူ့အတွက်ယူလာတဲ့ကော်ဖီတွေကို အကုန်သောက်လိုက်တာမှန်း နားလည်သွားလေတော့တယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Waar verhalen tot leven komen. Ontdek het nu