အခန်း ၇: အက်စတွန်ဇက်

15.4K 1.6K 16
                                    

Zawgyi

မိုင်ဒါဟာ ထွက်သွားဖို့ရာဆုံးဖြတ်ချက်ချပြီးတဲ့အခါမှာတော့ သူမဟာ အကောင်အထည်ဖော်ဖို့ရာ တုန့်ဆိုင်းမနေလေတော့ဘူး...

သံသယ၀င်ခံရလျှင် သူမရဲ့ဆောင်ရွက်မှုတွေတုံ့နှေးသွားပြီး သူမနဲ့ပတ်သတ်တဲ့တစ်စုံတစ်ခုဟာ မူမမှန်တော့ဘူး အထင်ခံရပေလိမ့်မယ်...

ဒါကြောင့်ပါပဲ သူမဟာ ပုံမှန်အပြုအမူတွေသာ လုပ်ဆောင်ရင်း ဘာသိဘာသာအမူအရာကိုဆက်လက်ထိန်းထားလျှက်သာပဲ အန်ကယ်ဆီးယား ဒီသားရဲတွင်းကသူမကိုထွက်ခွာစေတဲ့အချိန်မှာ တိတ်တဆိတ်သာလိုက်ပါလာရင်း မြောက်မြားလှတဲ့ကုန်တင်ကားတွေထဲကတစ်စီးအပေါ်မှာ တက်ကာနေရာယူလိုက်တယ်...

လူအိုကြီးဟာ သူလိုအပ်တဲ့ဝယ်စရာ စာရင်းစာရွက်နဲ့တကွသူမကို ပိုက်ဆံအပြည့်ပါတဲ့အိတ်တစ်အိတ်ကိုပေးလေတယ်... အန်ကယ်ဆီးယားဟာ မိုင်ဒါ သူမဘာသာ နှစ်သက်ရာဝယ်နိုင်ဖို့အတွက် အပိုပိုက်ဆံကို မုန့်ဖိုးပေးတဲ့အခါမှာတော့ မိုင်ဒါဟာ သူမရဲ့ပုံမှန်အပြုံးကို ဆက်လက်ထိန်းထားနိုင်ဖို့ရာ မနည်းကြိုးစားလိုက်ရလေတယ်... သူမဟာ ဒီလူအိုကြီးကို နှုတ်ဆက်တဲ့အနေနဲ့ ဖက်ထားလိုစိတ်ကိုသာ ချိုးနှိမ်လိုက်ရင်း ကားပေါ်မတက်ခင်လေးမှာ သူမရဲ့ ပါးချိုင့်ပေါ်တဲ့အပြုံးလေးတစ်စုံနဲ့အတူ လက်ကိုသာ ဝှေ့ယမ်းပြလိုက်ရလေတယ်...

နာရီပေါင်းများစွာ ကြာသွားတဲ့အချိန်မှာတော့ Inops နယ်မြေထဲကပျားပန်းခတ် ရှုပ်ထွေးနေတဲ့ မြို့တော်ကို သူမတို့ရောက်သွားလေတယ်... မိုင်ဒါဟာ သူမရဲ့လွတ်မြောက်ရေးအစီအစဉ်ကို လျင်မြန်စွာအကောင်အထည်ဖော်ဖို့ရာအတွက် အ၀တ်အထည်ဆိုင်ကို သွားလိုကြောင်းပြောဆိုရင်း အကွက်ချလိုက်လေတယ်... အစောင့်လူနှစ်ယောက်ဟာ သေးငယ်တဲ့အထည်ဆိုင်လေးရဲ့အပြင်မှာ စောင့်ဆိုင်းနေချိန်မှာ မိုင်ဒါဟာ အ၀တ်အထည်အချို့ကိုစမ်းကာဝတ်ဆင်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ဆိုင်ရဲ့အတွင်းပိုင်းကို ၀င်သွားခဲ့လေတယ်...

ဘယ်သူမှသတိမထားမိလိုက်နိုင်ခင်မှာပဲ မိုင်ဒါဟာ အ၀တ်လဲခန်းထဲကနေ အညိုရောင် ခြုံလွှာကြီးတစ်ထည်ကိုလွှမ်းခြုံကာအကာအကွယ် ယူလိုက်ရင်း ဆိုင်အနောက်ပေါက်ကနေ ထွက်ခွာသွားခဲ့လေတယ်... ရှုပ်ထွေးထူထပ်နေတဲ့ လမ်းမပေါ်ကို သူမ၀င်ရောက်လိုက်တာနဲ့ မည်သူတစ်ဦးတစ်ယောက်ကမှ ခြုံလွှာအဟောင်းအနွမ်းလွှမ်းခြုံထားတဲ့ ပုံရိပ်ငယ်လေးကို သတိမထားမိလိုက်တဲ့အတွက် မိုင်ဒါဟာ လူအုပ်ထဲမှာပဲ သူမကိုယ်ကို ကိုယ်ယောင်ဖျောက်ရောထွေးလိုက်လေတော့တယ်...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Nơi câu chuyện tồn tại. Hãy khám phá bây giờ