Zawgyi
စစချင်းတုန်းက စိတ်ပျက်ခဲ့တဲ့ သူမရဲ့ခံစားချက်နဲ့ဆန့်ကျင်လှစွာပဲ အန်ကယ်ဆီးယားရဲ့ သူ့ရဲ့ဂရုစိုက်မှုတွေကို မိုင်ဒါဟာ ခံစားမိလာရတယ်... တခြား Gobi အဖွဲ့ဝင်တွေနဲ့မတူညီလှစွာပဲ အန်ကယ်ဆီးယားဟာ ကွဲထွက်လို့နေတယ်...
တခြား အဖွဲ့ဝင်တွေဟာ တိရစ္ဆာန်တွေလိုမျိုးကြမ်းကြုတ်အေးစက်ပြီး ခံစားချက်မဲ့နေကြတဲ့အချိန်မှာ အန်ကယ်ဆီးယားကတော့ မိုင်ဒါကို ကြင်ကြင်နာနာ ဆက်ဆံလေတယ်... ဒီလူအိုကြီးဟာ သူမရဲ့ အာဟာရချို့တဲ့နေတဲ့ခန္ဓာကိုယ်ကို အားပြည့်အောင် ကျွေးမွေးရုံသာမက သူမရဲ့ လက်ဟန်အမူအရာနဲ့ ဘယ်လိုပြောဆိုရမလဲဆိုတာကိုပါ စိတ်ရှည်စွာ သင်ကြားပေးလေတယ်...
မိုင်ဒါဟာ ဆုံးဖြတ်ချက်တိကျပြီး သင်လွယ်တတ်လွယ်သူတစ်ဦးဖြစ်တာကြောင့် လအနည်းငယ်အတွင်းမှာပဲ ဒီလက်ဟန်အမူအရာနဲ့ စကားပြောဆိုနည်းကို တတ်ကျွမ်းလို့သွားလေတယ်... လက်ဟန်အမူအရာနဲ့ လေ့လာသင်ယူရတာမှာ တချို့သော စကားလုံးတွေက ချွင်းချက်ထားခြင်းခံနေရပေမယ့်ပေါ့...
ဆိုလိုတာက စကားမပြောနိုင်သူတစ်ယောက်အတွက် လက်ဟန်နဲ့ပြောဆိုရတာဟာ အကန့်အသတ်တွေအများကြီးရှိနေသေးတယ်ဆိုတာပါပဲ...
အဲ့ဒီအတွက် မိုင်ဒါဟာ သူမပြောချင်တာကို ဖော်ပြဖို့ရာအတွက် နံပါတ်၁ အနေနဲ့ တဖက်လူဟာ သူမ ရဲ့လက်ဟန်ကို ဘယ်လိုလုပ်ပြနေသလဲဆိုတာကို သိရမယ် သို့မဟုတ် သူမ ချရေးတာကို ဖတ်နိုင်ရမယ်...
နံပါတ် ၂ အနေနဲ့ကတော့ သူမပြောနေတာကို "ရပ်"အောင်လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်တော့ သူမဆိုလိုတာကို နားလည်အောင် သေချာ"ကြည့်" နေဖို့ပါပဲ...
အများစုသော Gobi အဖွဲ့ဝင်တွေဟာ လက်ဟန်စကားပြောဆိုမှုရဲ့ အခြေခံကိုတော့ သိရှိနားလည်ကြတယ်... အကြောင်းရင်းကတော့ အန်ကယ်ဆီးယားရဲ့ အဖွဲ့အတွင်းကရာထူးဖြစ်တဲ့ အဓိကစောင့်ရှောက်သူရယ်၊ ဘဏ္ဍာထိန်းရယ်ဆိုတဲ့ ရပ်တည်ချက်ကြောင့်ပါပဲ...
အကယ်လို့များ အဖွဲ့ဝင်တစ်စုံတစ်ယောက်ဟာ အန်ကယ်ဆီးယားနဲ့ ဘယ်လိုဆက်ဆံရမလဲ မသိဘူးဆိုရင် သူတို့ဘာစားချင်တယ်ဆိုတာရယ် သူတို့နေထိုင်ရေးမှာ ဘာတွေလိုအပ်နေတယ်ဆိုတာရယ်ကို ဘယ်လိုများ ထုတ်ပြောနိုင်ပါ့မလဲ???
ВЫ ЧИТАЕТЕ
2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)
Боевикကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...
