Zawgyi
အောက်ပါအကြောင်းအရာတွင် kiss scene များ ကြမ်းတမ်းစွာ ပါဝင်သောကြောင့် ငယ်ရွယ်သူများ ဖတ်ရန်မသင့်ပါ...
_____________________________________မိုင်ဒါနိုးထလာတဲ့အခါမှာတော့ လေပြေလေနုလေး တိုက်ခတ်နေတာကို ခံစားလိုက်ရတယ်... အနည်းငယ်မူးဝေနေတဲ့ ခံစားချက်နဲ့အတူ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ လှပတဲ့ရောင်စုံကျောက်မြတ်တွေနဲ့ တန်ဆာဆင်ထားတဲ့ မျက်နှာကြက်တစ်ခုကိုတွေ့လိုက်ရလေတယ်... ဘာဖြစ်ခဲ့တာလဲဆိုတာကို ဖြေးဖြေးချင်းပြန်လည်တွေးတောရင်း ထထိုင်ဖို့ကြိုးစားလိုက်ပေမယ့် နူးညံ့တဲ့အိပ်ယာပေါ်ကိုသာ သူမပြန်လဲကျသွားမိလေတယ်...
"သတိထား မိုင်ဒါ..." ကြင်နာလှတဲ့အသံတစ်သံဟာ မိုင်ဒါ့ကို အံ့အားသင့်သွားစေတော့တယ်...
သေချာအောင်လို့ မိုင်ဒါလှည့်ကြည့်လိုက်တဲ့အခါမှာ အမျိုးသမီးဇာတ်လိုက်ဟာ သူမလက်ထဲမှာ လင်ဗန်းတစ်ခုကိုကိုင်ပြီး အခန်းထဲဝင်ရောက်လာတာကို တွေ့လိုက်ရလေတယ်... စားပွဲအစွန်းမှာ လင်ဗန်းကိုလျင်မြန်စွာ ချထားလိုက်ရင်း ရိုစီဇူးဟာ မိုင်ဒါကို အိပ်ယာရဲ့ခေါင်းရင်းမှာ အသာမှီစေလေတယ်...
"ဘာကြောင့်လဲ...???" ဆိုတဲ့စကားတစ်ခွန်းသာလျှင် မိုင်ဒါ လောလောဆယ်မေးခွန်းထုတ်နိုင်တာဖြစ်လေတော့တယ်...
မိုင်ဒါ့ မျက်နှာပေါ်က ဝေခွဲမရမှုကို မြင်ရတဲ့အခါမှာတော့ ရိုစီဇူးဟာ အခြေအနေတွေကို စကာရှင်းပြလေတော့တယ်... မိုင်ဒါဟာ ရိုစီဇူးကို တောနက်ထဲကနေ ကယ်တင်ခဲ့ပြီးတဲ့ နေ့မှာ ရိုစီဇူးဟာ ဂူထဲကိုသာ ပြန်သွားခဲ့လေရင်း စစ်တပ်အဖွဲ့ဝင်ဖြစ်တဲ့ အဲရင်းလဲ ရဲ့အကူအညီကို တောင်းခံဖို့ဆုံးဖြတ်လိုက်တယ်...
အဲရင်းလဲ ဟာ ရိုစီထံမှ မိုင်ဒါ အဖမ်းခံလိုက်ရတဲ့သတင်းကိုကြားလိုက်ရချိန်မှာ ချက်ချင်းသွားကယ်ဖို့ ကြိုးစားလေတယ်... ကံမကောင်းစွာနဲ့ ဒီလက်ထောက်စစ်သူကြီးဟာ ပြင်းထန်စွာဒဏ်ရာရနေခဲ့လေတာကြောင့် လှုပ်ရှားဖို့ရာတောင် အနိုင်နိုင်ဖြစ်လို့နေရင်း ဘယ်သူ့ကိုမှ မကယ်နိုင်လေဘူးး...

ESTÁS LEYENDO
2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)
Acciónကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...