အခန်း၁- နော့က်စ် မက်က်စ် ဝဲလ်

38.7K 1.8K 46
                                    

Zawgyi
"Belua (Beast) တွေဝင်လာပြီ!!!!..."

သေးငယ်တဲ့ ခန္ဓာကိုယ်လေးတစ်ခုထဲကို ငါဟာ တွန်းပို့ခံလိုက်ရချိန်မှာတော့ မိုးချုန်းသံလိုမျိုး ဦးချိုမှုတ်သံတွေ ပဲ့တင်ထပ်နေတာကိုကြားလိုက်ရလေတော့တယ်... နားကွဲမတတ်ငိုသံတွေ အော်ဟစ်သံတွေဟာ ငါ့မျက်လုံးတွေကို ဖွင့်ပြီး ကစဥ့်ကလျားအဖြစ်အပျက်တွေကို မမြင်ရသေးခင်အချိန်မှာတင် ကြားနေရလေတယ်... လက်ရှိအခြေအနေကို ငါနားမလည်နိုင်ခင်မှာ အသက်၁၆ထက်တောင်ကြီးသေးပုံမပေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဖမ်းဆုပ်ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့တယ်...

"မြန်မြန်လုပ် မာဗီ..." ငွေရောင်ဆံပင်ရှည်တွေနဲ့ ချောမောလှပတဲ့ ကောင်ငယ်လေးဟာ သူ့ရဲ့ လိမ္မော်နီရောင် မျက်ဝန်းတွေထဲမှာ ထိတ်လန့်ဟန်အပြည့်နဲ့ ငါ့ကိုလှည့်ကြည့်လာရင်း စကားဆိုလိုက်တယ်...

ဆွဲခေါ်သွားခံနေရတဲ့အချိန်မှာပဲ ငါ့စိတ်ထဲကို အချက်အလက်တွေဟာ ၀င်ရောက်လာတော့တယ်...

ငါဟာ မှော်အတတ်နဲ့ သဘာဝလွန်အဖြစ်အပျက်တွေတည်ရှိရာ Mystic Orbis လို့ခေါ်တဲ့ ကမ္ဘာတစ်ခုထဲကို ၀င်စားမိသွားတာဖြစ်လေတယ်... ဒီ Mystic Orbis ဆိုတဲ့ ကမ္ဘာထဲမှာ Nubes, Mare နဲ့ Terra ဆိုတဲ့အင်အားကြီး မျိုးနွယ်စု ၃စုပါဝင်ဖွဲ့စည်းထားလေတယ်...

Nubes တွေဟာ အမြင့်မားဆုံးတောင်တန်းတွေမှာ နေထိုင်ကြပြီး Mare တွေကတော့ ပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံးဒေသမှာ နေထိုင်ကြတဲ့တစ်ဖက်မှာ Terra တွေကတော့ သစ်တောတွေထဲမှာ နေထိုင်ကြလေတယ်... ဒီမျိုးနွယ်စုတွေကို ခွဲခြားထားတာဟာ သူတို့ရဲ့ မှော်ပညာနဲ့ စွမ်းအားကြောင့်မဟုတ်လေဘဲ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ခွဲခြားခြင်းဖြစ်လေတယ်...

Nubes မျိုးနွယ်စုတွေဟာ ငွေမှင်ရောင်ဆံနွယ်တွေနဲ့ လိမ္မော်နီရောင်မျက်ဝန်းတွေရှိကြပြီး သူတို့ဟာ ကောင်းကင်နဲ့ အနီးဆုံးနေ၀င်ချိန်နဲ့ အလားသဏ္ဍာန်တူလေတယ်... Terra မျိုးနွယ်စုဟာ အညိုရောင် ဆံနွယ်တွေနဲ့ သူတို့နေထိုင်တဲ့ သစ်တောတွေထက်ကို ပိုပြီး စိမ်းစိုတဲ့ မျက်ဝန်းတွေကိုပိုင်ဆိုင်ကြလေတယ်... နောက်ဆုံးဖြစ်တဲ့ Mare မျိုးနွယ်စုဟာတော့ နက်ပြာရောင် ဆံနွယ်တွေနဲ့ စိမ်းပြာရောင် ပင်လယ်ရေနဲ့ သဏ္ဍာန်တူတဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ကြလေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Onde histórias criam vida. Descubra agora