@2008 October
သိပ်ကိုချမ်းတဲ့ဆောင်းရာသီမှာ ကျွန်တော်အကိုနဲ့ စတင်ဆုံတွေ့ခဲ့သည်။
ကျွန်တော့်အသက်ဆယ်နှစ်၊ အကို့အသက်ဆယ့်ကိုးနှစ်။နေမကောင်းလို့အိပ်နေတဲ့ကျွန်တော်နိုးလာတော့ စစတွေ့လိုက်ရတဲ့ သူစိမ်းတစ်ယောက်ရဲ့မျက်နှာ ဟာအရမ်းကို နှစ်လိုဖွယ်ကောင်းနေခဲ့သည်။
အိမ်ရှေ့က ထိုင်ခုံမှာထိုင်နေတဲ့အကိုသည်ဘုရားစင်ရှေ့စောင်ပုံ ထဲမှာခွေပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်ကို လှမ်းပြုံးပြသည်။
ကျွန်တော်အိပ်ရာကထပြီး အကိုထိုင်နေတဲ့ ခုံနားသွား ထိုင်မိသည်။ အကိုက သိပ်ကိုနှစ်လိုဖွယ်ရာကောင်းတဲ့အပြုံးတွေနဲ့ ကျွန်တော့်ကိုပြုံးပြပြီး ကျွန်တော့်ဆံပင်တွေကို ဆွဲဖွခဲ့သည်။
"နေမကောင်းဘူးလား ကလေး" ဆိုတဲ့စကားနောက်မှာ လျင်မြန်စွာခေါင်းငြိမ့်မှုနဲ့အတူ လှိုက်ခနဲခုန်သွားသော နှလုံးခုန်သံတစ်ချက်က ကပ်ပါလာသည်။နေမကောင်းလို့မောချင်နေတာဖြစ်ပါလိမ့်မည်ဟု ကိုယ့်ကိုယ်ကို ဖြည့်တွေးမိသည်။
ကိုယ်အခုမှမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ကျွန်တော်ဘာလို့များ နီးကပ်နေချင်သလဲစဉ်းစားလို့မရ။
အကိုကတော့ အပူရှိန်ကြောင့်နီရဲနေတဲ့ကျွန်တော့်ပါးတွေကို ခပ်ဖွဖွထိကိုင်သည်။ရုတ်တရက်နောက်ကိုဆုတ်လိုက်မိတော့ အကိုက ခပ်ဟဟရယ်သည်။
"မကြောက်ပါနဲ့။ ညီ့ကို ဘာမှမလုပ်ပါဘူး"တဲ့။
အဲ့ဒီ့နောက်ညီ ဆိုတဲ့အသုံးအနှုန်းကို ကျွန်တော်ခုံမင်တတ်ခဲ့သည်။
ပြီးတော့ တစ်နှစ်မှ တစ်ခါဆုံခွင့်ရမယ့်အကို့ကို ကျွန်တော်မျှော်တတ်ခဲ့သည်။
အကိုသည်အမေတို့ရုံးကလူကြီးရဲ့ သားဖြစ်ပြီး ကွန်ပျူ တာတက္ကသိုလ်တတိယနှစ်တက်နေသည်ကို လည်းနောက်ရက်တွေမှာ ကြားသိရသည်။
ပြီးတော့ အကိုက တန်ဆောင်တိုင်ပွဲကို အလည်လာတာဖြစ်ပြီး ပွဲပြီးလျှင်ပြန်မည့်ဧည့်သည်ဆိုတာ ကိုလည်း စိတ်မကောင်းစွာလက်ခံရသည်။
YOU ARE READING
အရိပ္အေယာင္ အရိပ်အယောင်