အကိုက လေပြည်လေညင်းတွေလို တစ်ခါတလေ မုန်တိုင်းတစ်ခုလိုပဲ။
ကျွန်တော် မသိခင် ကျွန်တော့်အနားရောက်လာ တတ်ပြီး ကျွန်တော် သတိမထားမိခင်မှာပဲ ပြန်လည် ထွက်ခွာသွားတတ်သည်။လပြည့်ညမှာ အကို ကျွန်တော့်အကိုတွေနဲ့ သွားလည်ကြတာကို ကျွန်တော်လိုက်ခွင့်မရှိခဲ့ပါ။ အကိုကတော့ ကျွန်တော်လိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ သတိထားမိမည်မထင်။
အဲ့ဒီ့ညက ညည့်နက်တဲ့ထိမအိပ်နိုင်ခဲ့ပါ။
အကိုတို့ပြန်လာတာကိုစောင့်ရင်း TV ကြည့်နေမိသည်။
အိမ်ရှေ့မှာ ဆိုင်ကယ်သံတွေကြားလို့ထွက်ကြည့်တော့ ယိုင်နေပြီဖြစ်တဲ့ အကို့ကို ကျွန်တော့်အကိုက တွဲထားပေးတာတွေ့ရသည်။ပြောခွင့်များရှိရင်ဖြင့် လပြည့်နေ့မှာ အရက်သေစာ သောက်တာကိုက မဟုတ်သေးပါဘူး ဆိုပြီး ဆူပူမိ လေမလားပဲ။
ထိုစကားကို အကို့ကိုမပြောဖြစ်ခဲ့ပေမယ့် ကျွန်တော့်အကို ကိုတော့ပြောဖြစ်ခဲ့သည်။"မြင့်သူလည်း စိတ်ညစ်နေလို့သောက်တာပါ"
ဆိုတဲ့စကားနောက်မှာ အကိုဘာဖြစ်နေသလဲဆိုပြီး တွေးပူတတ်တဲ့စိတ်ကလေးက ကပ်ပါလာသည်။
စိတ်ညစ်တိုင်း သောက်စရာလား ဟုလည်း အပြစ်တင်ချင်စိတ်ကလေးက ဖြစ်တည်ပြန်ပါသေးသည်။အကိုနှင့်ပတ်သတ်လျှင် ကျွန်တော့်မှာ စိတ်တွေများ လွန်းသည်။ အကိုက ကျွန်တော့်စိတ်ကို ပိုင်စိုးသည်။
မနက်ရောက်တော့ အမေက အကို့အခန်းထဲ ပျားသံပုရာရည်သွားပို့ခိုင်းခဲ့သည်။
အခန်းတံခါးခေါက်တာကို "ဝင်ခဲ့ပါ "ဆိုတဲ့စကား တစ်ခွန်းဖြင့်တုံ့ပြန်သည့်အကို။
ခါတိုင်းဆို သူကိုယ်တိုင်သာ တံခါးလာဖွင့်ပေးမြဲ။
ပြီးတော့ ကျွန်တော်က ဘယ်တော့မှ သူနေတဲ့ အခန်းထဲမဝင်ခဲ့ဖူး။အခန်းရှေ့ရပ်ပြီးကြောင်နေတဲ့ ကျွန်တော့်ကို တံခါးဆွဲဖွင့်လိုက်တဲ့ အကို့ရဲ့လက်တစ်စုံက ထိတ်လန့်စေခဲ့သည်။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်