လိမ်ညာခြင်း သို့ မမျှော်လင့်သောအခြေအနေ....။
ဒါကို ဘယ်လိုခေါင်းစဉ်တပ်သင့်ပါသလဲ။
အကို့ရဲ့ ကျောခိုင်းခြင်းကို နောက်ဆုံးလို့မထင်ခဲ့ဖူးတဲ့ကျွန်တော်က နောက်နှစ်ဆိုတာမျိုးနဲ့ မျှော်လင့်ချက်တွေချခင်းခဲ့ဖူးသည်။"နောက်နှစ်ထပ်လာဦးမှာလား"
"အင်း....လာဖြစ်မယ်ထင်တယ်"
ထိုစကားကြောင့် မျှော်လင့်ချက်တွေခိုင်မာခဲ့ သည်။
"ဘယ်နှနာရီရှိပြီလဲ...ငယ်"
နာရီပတ်ထားတဲ့လက်ကိုထိုးပေးတော့ ကျွန်တော့်လက်မှာပတ်ထားတဲ့ နာရီကိုကိုင်ရင်း အာရုံစိုက်ကြည့်သည်။
"၁၂ နာရီတောင်ထိုးတော့မယ်။ နောက်တလုံးကဘယ်ချိန်မှလွှတ်မှာလဲ။"
ရုံးကဆောက်ထားသည့် မဏ္ဍပ်ဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်နေကြသည်ဖြစ်ရာ အမိုးမရှိသည့်အတွက် နှင်းတွေက တစ်စတစ်စ စိုလာစေသည်။
ကွင်းထဲကို မျှော်တလင့်လင့်ဖြင့် နောက်လွှတ်မည့်မီးကိုကြည့်ရင်း ရင်ခုန်ရသည်။"မြင့်သူရေ...အနောက်(အိမ်သာ)သွားမို့။ လိုက်ဦးမလား"
ကျွန်တော့်အကိုက လှမ်းမေးတော့ မဆိုင်းမတွပင်...
"မလိုက်တော့ဘူးအကို...နှမြောလို့"
"ဟင်..."
ကြောင်အသွားသော ကျွန်တော့်ကိုကြည့်ရင်း အကိုရယ်သည်။ သူ့ရဲ့နောက်ပြောင်တဲ့စကား တွေက တစ်ခါတလေ သိပ်ဆန်းသည်။
အဲ့ဒီ့ညက အကိုနဲ့စကားတွေပြောဖြစ်ခဲ့ကြသည်။ ထူးထူးခြားခြားပါပဲ။
ကော်ဖီကြိုက်တဲ့ ကျွန်တော်တို့နှစ်ယောက်လုံးက လက်ဖက်ရည်ချိုချိုကို နှစ်ခြိုက်စွာ သောက်ခဲ့ကြသည်။အကို့အပြုံးတွေက ထူးခြားသည်။ လှပသည်။
အဲ့ဒီ့ညက လက်ဖက်ရည်ဆိုင်မှာဖွင့်ထားတဲ့ သီချင်းက ထူးအိမ်သင်ရဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာ။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်