"ဝေဟင်... ဒီနေ့ နေ့လည်ဆိုင်မှာနေပေးလို့ရမလား။ ကိုယ် လေဆိပ်မှာဧည့်သည်သွားကြိုရမှာမို့။ ကြိုမပြောမိတာ sorry နော်။ ကိုယ် သွားကြိုရမှာကို မေ့နေတာ"
"ရပါတယ် အကို။ ကျွန်တော်ဆိုင်မှာရှိနေပါ့မယ်။ ဒီနေ့ကျောင်းလည်းပိတ်တာပဲကို"
ခေါင်းတစ်ချက်ပြန်ငြိမ့်ပြပြီး ဆိုင်ထဲကနေသုတ်ခြေတင်ထွက်သွားတဲ့သူက ကိုခိုင်မြဲသာ။
မြန်မာနိုင်ငံမှာကျောင်းပြီးတော့ ဘန်ကောက်မှာကျောင်းဆက်တက်ချင်သည့်ဆန္ဒကြောင့် စွန့်စားပြီးလာခဲ့သည့်နောက် ရေခြားမြေခြားမှာ အတော်ဒုက္ခရောက်ခဲ့သည်။
ဘယ်လောက်ပဲယဉ်ကျေးမှုဆင်တူပါတယ်ပြောပြော ကွဲပြားတဲ့အချက်ပေါင်းများစွာကတော့ရှိနေဆဲပင်။
နိုင်ငံခြားကျောင်းသားတစ်ယောက်အတွက် အချိန်ပိုင်းအလုပ်ရရန်ခက်ခဲခဲ့ပေမယ့် ကိုခိုင်မြဲသာနှင့်ဆုံပြီးနောက် သူ့ဆိုင်တွင် Barista အဖြစ်အချိန်ပိုင်းအလုပ်ရခဲ့သည်။
ပထမနှစ်ကတော့ကျောင်းအဆောင်မှာနေရလို့ ကိုယ်ပိုင်အချိန်ဆိုတာရှားလွန်းခဲ့သည်။ ကျောင်းရဲ့ activity တွေ စာတွေ နေသားမကျမှုတွေကြား ပင်ပန်းခဲ့ပေမယ့် ဒုတိယနှစ်မှာတော့ အတော်နေသားကျလာခဲ့သည်။
အားလပ်ချိန်မှာ စာရေးလိုက်၊ အချိန်ပိုင်းလုပ်လိုက်နှင့် အေးဆေးပါသည်။
မိသားစုကလည်းသူ့ဘာသာသူနေကြသည်မို့ စိတ်ပူစရာမလို။ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာပြီး ဝါသနာပါတာတွေကိုလုပ်ရတာ အတော်ကို ကျေနပ်ဖို့ကောင်းပါသည်။ပြီးတော့ ဆယ်နှစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ အမှတ်တရတွေကို စာအုပ်ပေါ်ချရေးရင်း အလွမ်းတွေကိုချပြတာကိုလည်းနှစ်သက်ပါသည်။ ပြီးတော့...အကို့ကိုလွမ်းပါသည်။
"Ice - americano kha"
ကောင်တာမှာ ကော်ဖီလာမှာတာကိုကြားတော့မှ မြန်မြန်ပြန်သတိကပ်ရသည်။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်