ညီက ထူးထူးဆန်းဆန်းနဲ့ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးငယ်တစ်ယောက်...ကျွန်တော့်အမြင်ဆိုရင်ပေါ့။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်...ညီ့ကိုစသိခဲ့တုန်းက ကျွန်တော်သဘောကျခဲ့တာက ညီ့ အစ်မ ရွှေရည့်ကိုပါ။ ညီက မလတ် လို့ခေါ်တတ်တယ်။
ဒါပေမယ့်လေ... ရွှေရည့်ကိုသဘောကျခဲ့၊ ကြိုက်ခဲ့တဲ့ကျွန်တော်က ရွှေရည့်ထက် ညီ့အကြောင်းကိုပိုစိတ်ဝင်စားခဲ့တယ်။ အကြောင်းကတော့ ညီက တခြားကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားတာမျိုးသိပ်မရှိခဲ့လို့ပဲ။ ညီ့အပြုအမူတွေက ထူးခြားတယ်။
ကျောင်းပိတ်ရက်မှာ မနက်ခင်းဆို ကော်ဖီခွက်လေးကိုင်ပြီး ပန်းခြံထဲမှာ သူ့ခွေးလေးဘော်ဘီနဲ့ရှိနေတတ်တာမျိုး။ ဒါကို သူ့ခွေးလေးနဲ့ဆော့ကစားနေမယ်ထင်ရင်မှားမှာပေါ့။ သူ့ခွေးလေးက သူ့ဖိနပ်ကိုခေါင်းအုံးအိပ်နေတတ်ပြီး ညီကတော့ ခြေဗလာနဲ့ အုတ်ခုံပေါ်ထိုင်ပြီး ဆွေးဆွေးမြည့်မြည့်ကော်ဖီထိုင်သောက်နေတတ်တာမျိုး။
ကျောင်းဖွင့်ရက်မှာတော့ အိပ်ရာထနောက်ကျလို့ ပြာယာခတ်ပြီးကျောင်းကို အိပ်ချင်မူးတူးနဲ့အပြေးသွားတာလေး...အဲ့တာကလည်း ကျောင်းဖွင့်ရက်တိုင်းလိုလိုပဲ။
ညီက သူ့အပြုအမူတစ်ခုခုကိုလွယ်လွယ်နဲ့မပြောင်းတတ်ဘူး။ ပြီးတော့ ညီက စကားလည်းနည်းတယ်။ လွယ်လွယ်နဲ့မပြုံးတတ်ဘူး။တကယ်ဆိုရင် ညီကပြုံးရင်သိပ်ချစ်စရာကောင်းတာဗျ။ ညာဘက်ပါးပေါ်က ပါးချိုင့်ကလေးခွက်ဝင်သွားတဲ့အထိညီပြုံးရင် ကျွန်တော်တော့ ညီ့ကို အသည်းယားလွန်းလို့ ဆွဲရမ်းပစ်လိုက်ချင်တာပဲ။
ညီက "အော်..." လို့အမြဲပြန်ဖြေတတ်တယ်။ "အော်" ဆိုတာ "ဟုတ်" ဆိုတဲ့အဓိပ္ပါယ်တဲ့။
အစကတော့ ရိုင်းတယ်ထင်ခဲ့ပေမယ့် နောက်တော့လည်း ညီ့ဘက်က အဲ့လိုထူးတာလေး၊ ဖြေတာလေးကို သဘောတကျရှိလာခဲ့တယ်။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်