part - 27

3.5K 261 18
                                    

မနက်​ဖြန်​ထပ်​​တွေ့ဖြစ်​မယ့်​ပုံစံမျိုးနဲ့...
နောက်​တစ်​ပတ်​​အားလပ်​ရက်​မှာ အတူတူရှိကြမယ်​ဆိုတဲ့ပုံမျိုးနဲ့...
ညီ့ကို ဖုန်း​တွေဆက်​ message ​တွေပို့ပြီး စကား​ပြောဦးမယ့်​ပုံမျိုးနဲ့...

နှုတ်​ဆက်​ခဲ့ကြတယ်​။ ဟင့်​အင်း..လမ်းခွဲခဲ့ကြတယ်​....။

နောက်​တစ်​ခုက ကျွန်​​တော်​တို့​ဝေးကြပြီဆိုတာပဲ။
အသည်းမာပြီး ​သွေး​အေးတဲ့ညီက နည်းနည်း ​လေး​တောင်​ မတုန်​လှုပ်​​နေခဲ့ပါ။ ခပ်​ပြုံးပြုံးဖြင့်​ " ကျွန်​​တော်​သွားပြီ​နော်​" ဟုဆိုကာ ခပ်​​အေး​အေးပင်​ ​ကျောခိုင်းသွား​လေသည်​။

ကျွန်​​တော်​က ညီ့​လောက်​မချစ်​တတ်​တဲ့သူ​ပေမယ့်​ ဘာ​ကြောင့်​ညီ့ထက်​ပိုတုန်​လှုပ်​​နေရပါလိမ့်​။
မာနကြီးတဲ့ညီက အမှီအခိုကင်းမဲ့သလိုအမြဲ​နေတယ်​။ ကျွန်​​တော့်​ရင်​ခွင်​ကို အားကိုးစရာအဖြစ်​မမှတ်​ယူတဲ့က​လေးငယ်​ရယ်​ပါ။

*လွမ်းတယ်​...ညီ *လို့ message ပို့လိုက်​ချင်​တယ်​။ ဖုန်းဆက်​လိုက်​ချင်​တယ်​။ ညီ့ရဲ့ သြရှရှအသံ​လေးနား​ထောင်​ရင်း ​ပျော်​ချင်​​သေးတယ်​။

တစ်​ခါတစ်​​လေ မ​ကောင်းတဲ့စိတ်​ကြီးစိုးလာတဲ့အခါ ညီ့လက်​ကိုဆွဲပြီးထွက်​​ပြေးချင်​မိတဲ့ အခိုက်​အတန့်​​ပေါင်းများစွာသည်​ ကျွန်​​တော့်​ရဲ့ဆန္ဒတိုင်းကို လိုက်​​လျောမည့်​ ညီ့ရဲ့နားလည်​​ပေးမှု​တွေ ချစ်​ခြင်းတရား​တွေကြားကွယ်​​ပျောက်​ရသည်​။

Taxi ​ပေါ်တက်​ပြီး လုံးဝ​နောက်​ပြန်​မလှည့်​ကြည့်​တဲ့ညီသည်​ ဘယ်​​လောက်​​တောင်​ အားတင်းပြီး ဒီလမ်းခွဲမှုကိုကြိုပြင်​ဆင်​ခဲ့ရပါသလဲ။

ကျွန်​​တော်​ကသာ...​​ကြေကွဲကျန်​ခဲ့တာ
ကျွန်​​တော်​ကသာ...ချစ်​ရသူကိုဆုံးရှုံးလိုက်​ရတာ

စာကြည့်​စားပွဲ​ပေါ်က ညီဖတ်​​နေကျ စာအုပ်​​တွေသည်​ ကျွန်​​တော့်​ကို​လှောင်​သည်​။
မီးဖိုခန်းထဲက ​ကော်​ဖီ​ဖျော်​စက်​က ကျွန်​​တော့်​ကို ပျက်​ရယ်​ပြုသည်​။
ညအိပ်​ဝတ်​စုံ​သေး​သေး​လေးက ကျွန်​​တော့်​ကိုဟားတိုက်​​နေသည်​။

အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now