"ညီ...အိပ်ပြီလား"
ကျွန်တော့်ကိုကျောပေးထားသော ငြိမ်သက်နေတဲ့ညီ့ခန္ဓာကိုယ်က ဘာသံမှထွက်မလာခဲ့။
"နေမကောင်းဘူးလားဟင်"
ညီ့နဖူးပေါ်လက်လှမ်းတင်ရင်းမေးမိသည်။
ကျွန်တော့်လက်ကိုဖယ်ရင်း ရင်ခွင်ထဲတိုးဝင်လာသောညီ့ကို အလိုက်သင့်ပြန်ဖက်ထားပေးမိသည်။
ညီ့ကိုယ်လေးက ကျွန်တော့်တစ်ပွေ့စာလေးတင်ရှိတာ...။
ညီ့ဆံပင်တွေထဲတိုးဝှေးနမ်းရှိုက်မိတော့ သင်းနေတဲ့ shampoo နံ့အပြင် ညီ့ရဲ့ကိုယ်သင်းနံ့ကိုပါအဆစ်ရလိုက်သည်။ညီ့လက်တွေက ကျွန်တော့်ခါးပေါ်မှာ တင်းကြပ်စွာယှက်တွယ်လာတော့ ကြည်နူးစိတ်ထက် စိုးရိမ်စိတ်ကပိုကဲလာပြန်သည်။
ညီက ဘယ်တုန်းကမှ ကျွန်တော့်ရင်ခွင်ကို အားကိုးစရာအဖြစ်ခိုဝင်ခဲ့ဖူးတဲ့ ကလေးငယ်မှမဟုတ်တာ။"ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကလေ... အရမ်းကိုရယ်စရာကောင်းနေတယ်လို့ မထင်ဘူးလားဟင်"
မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်လာတဲ့စိတ်ရဲ့တစ်ပိုင်းတစ်စသည် စကားလုံးတွေအဖြစ် အကို့ဆီသို့မေးခွန်းထုတ်မိသည်။ သို့တည်းမဟုတ် အပြစ်တင်မိသည်လားတောင် မပြောတတ်။ တကယ်တမ်းပြောကြစတမ်းဆိုလျှင် မည်သူကအပြစ်ရှိပါသနည်း။
"ဘာတွေဖြစ်နေလဲ...ညီငယ်"
ညီ့ရဲ့စိတ်ကို မခန့်မှန်းနိုင်ရလောက်အောင် ကျွန်တော်ညံ့သည်။ ညီ့ကို ခြောက်လှန့်နေတဲ့အတွေးတွေကို တပ်အပ်မသိနိုင်ရလောက်အောင် ကျွန်တော် ထုံအ သည်။ ညီကတော့ ကျွန်တော် ဘာဖြစ်ဖြစ် အတတ်သိနေ ပါရက်နဲ့...ကျွန်တော်က ထိုကလေးငယ်လောက် မချစ်တတ်ခဲ့သူဖြစ်နေသည်။
"မုန်တိုင်းလာမယ်မှန်းသိရက်နဲ့ အဲ့ဒီ့ဒေသမှာ ဝါးအိမ်ကလေးသွားဆောက်နေကြတာမျိုးလေ။ ကျွန်တော်တို့အဖြစ်နဲ့မဆင်လွန်းဘူးလားဟင်။ သိပ်ကို တုံးအကြတာပဲ။"
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်