*ph~ring*
ကျောက်ရုပ်တစ်ရုပ်လို ဝရံတာမှာထွက်ထိုင်နေရင်းနဲ့ ဖုန်းသံကြားတော့ ဖုန်းကိုလိုက်ရှာမိ သည်။
ဖုန်းကို ဘယ်နားထားမိပါလိမ့်...။နောက်ဆုံးတော့ ကျောင်းယူနီဖောင်း ဘောင်းဘီအိတ်ကပ်ထဲမှာပြန်တွေ့သည်။ ဘယ်လောက်တောင် အာရုံတွေပျောက်နေသလဲဆိုတာ ဖုန်းတောင် အိတ်ကပ်ထဲကမထုတ်ဘဲ ဘောင်းဘီကို အဝတ်လျှော်ခြင်းထဲပစ်ထည့်ထားသည်လေ။
ဝေဟင်ငယ် ဆိုတဲ့ကောင်ကအဲ့လိုပဲ။ အကို နဲ့ပတ်သတ်ရင် ရူးမတတ်သွေးပျက်တတ်တဲ့ကောင်။
ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ အခြားသူမဟုတ် ကိုခိုင်မြဲသာ။
ကိုခိုင်က ဒီအချိန်ဖုန်းဆက်တယ်ဆိုတာ အကို့ကြောင့်ပဲဖြစ်လိမ့်မည်။ညနေက sorry တစ်ခွန်းတည်းပြောပြီး လှည့်ထွက်လာခဲ့မိသည်ကိုး။အဆက်မပြတ်ခေါ်နေတော့ မကိုင်လို့မရ။
"Hello ကိုခိုင်"
"ဝေဟင်...မြင့်သူကပြောလို့။ ညနေက ရုတ်တရက် လှည့်ပြန်သွားတယ်ဆို။ ဘာဖြစ်တာလဲ။"
အကို ကျွန်တော့်ကိုစိတ်ပူတာလား။ ဒါမှမဟုတ် သူ့ရည်းစားရဲ့အပြောအဆိုအတွက် သူတာဝန်မကင်းတာကြောင့်လား။ ဘာ့ကြောင့်လဲ။
"ကျွန်တော်ဘာမှမဖြစ်ပါဘူး။ ကိုမြင့်သူကိုလည်း စိတ်ထဲမထားပါနဲ့လို့ပြောပေးပါနော်"
"မင်းကို အလုပ်သမားလို့ပြောလိုက်တာကို စိတ်ဆိုးသွားတာလား။ ချိုမာက စကားပြောမတတ်လို့ပါ။ နားလည်ပေးလိုက်ပါ"
ကျွန်တော် သူ့အကြောင်းကို တစ်စက်ကလေးမှ သိချင်စိတ် ကြားချင်စိတ်မရှိပါ။ ဖြစ်နိုင်လျှင် ထိုနာမည်နဲ့အမျိုးသမီးကိုပါ မမြင်ခဲ့ရသလို မေ့ပစ်လိုက်ချင်သည်။
"ကိုခိုင် ကျွန်တော်တကယ်ဘာမှမဖြစ်ဘူး။ ပြီးတော့ သူတို့တွေအကြောင်းလည်း ကျွန်တော် စိတ်မဝင်စားဘူး။ နောက်ပြီးတော့ ကိုမြင့်သူနဲ့ပတ်သတ်တဲ့ကိစ္စတွေ ကျွန်တော်မကူညီပါရစေနဲ့။ ကျွန်တော် တောင်းဆိုတာပါ"
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်