သီတင်းကျွတ်လပြည့်ပြီးတော့ အကိုပြန်သွားခဲ့သည်။ ကျွန်တော်ဟာ ဘယ်တော့မှ အကိုကျောခိုင်း သွားတဲ့အခိုက်အတန့်ကို မြင်ခွင့်မရခဲ့ပါ။
တန်ဆောင်တိုင်ကျရင် အကိုလာပါဦးမလားဆိုတဲ့ မေးခွန်းက အလွမ်းတွေကြားကနေ တိုးထွက်လာ သည်။
အကို့ကို လွမ်းသည်။သိပ်ကိုချစ်စရာကောင်းတဲ့အကိုက သိပ်မကြာခင်မှာပဲ တောင်ကြီး ကိုထပ်ရောက်လာပြန်ပါသည်။
တန်ဆောင်တိုင်ရောက်ဖို့ ရက်တွေလိုသေးသည်။ ဘာကြောင့်များ ဒီအချိန်ရောက်လာရသလဲဆိုတာ ကိုကျွန်တော် စဉ်းစားရခက်ခဲ့သည်။
အကိုစိတ်သက်သာရာ သက်သာကြောင်းဖြစ်ဖို့အတွက် တောင်ကြီးကိုထပ်လာခဲ့သည်ဆိုတာကို တော့ အကိုရောက်ပြီး နောက်တစ်ရက်မှ ကျွန်တော် သိခဲ့ရသည်။
အကိုစာမေးပွဲကျလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် အကို့အဖေက တောင်ကြီးမှာခဏနေခိုင်းခဲ့ခြင်းဖြစ် သည်။
ဒီတစ်ခေါက် အကို့ကိုကြည့်ရတာ သိပ်တော့ မရွှင်ပြနေပါ။ အကို့သူငယ်ချင်းနဲ့ဖုန်းပြောပြီး တစ်နေကုန် အခန်းထဲကမထွက်ဘဲ ငိုနေခဲ့တဲ့နေ့ကို မှတ်မိသေး သည်။
ညနေမှ အခန်းထဲကထွက်လာပြီး ကျွန်တော့်အကို တွေဘောလုံးကန်တာကို ခရစ်စမတ်ထင်ရှူးပင် စိုက်ထားတဲ့ပန်းခုံပေါ်ကနေထိုင်ကြည့်နေသည့်အကို။
တကယ်က အကို့စိတ်သည် ဘောလုံးကန်တဲ့နားမှာ ရှိချင်မှရှိလိမ့်မည်။အကို့မျက်လုံးတွေမှတစ်ဆင့် အကို့စိတ်တွေဘယ်ကိုဘယ်လို ပျံ့နှံ့နေကြောင်းကျွန်တော်ခန့်မှန်းကြည့် လို့ရသည်။
ကျွန်တော် အကိုထိုင်နေတဲ့ ပန်းခုံဘေးနားမှာသွား ရပ်မိသည်။ အကိုမော့မကြည့်ပါ။
ကျွန်တော်လက်သီးဆုတ်အကို့မျက်နှာရှေ့တည့်တည့်ရောက်တော့မှ အလန့်တကြားမော့ကြည့်လာသည်။
YOU ARE READING
အရိပ်အယောင် အရိပ်အယောင်