ကျွန်တော်အကို့ကိုချစ်မိနေပြီဖြစ်တဲ့အကြောင်း ကျွန်တော့်သူငယ်ချင်းကို ရင်ဖွင့်မိသည်။
သူက ရယ်သည်။ ကျွန်တော်ခဏတာအရူးထတာ ပါတဲ့လေ။ခဏတာအရူးထတာမဟုတ်တဲ့အကြောင်း သူ့ကို ကျွန်တော်မရှင်းပြဖြစ်ခဲ့ပါ။
သူ့စိတ်ထဲမှာတော့ အကိုချောတာကို ကျွန်တော်က ခဏတာရူးမိသွားတာပါပေါ့။ဟင့်အင်း....။ မဟုတ်ဘူးနော်။ အကိုချောတာ မချောတာနဲ့မဆိုင်ဘူး။ အကို ကျွန်တော့်နားမှာ ရှိတာ မရှိတာနဲ့မဆိုင်ဘူး။ ကျွန်တော်က အကို့ကို မြတ်နိုး တာ။ အကိုဖြစ်နေလို့ကို မြတ်နိုးမိသွားတာပါ။
နောက်ဆိုထပ်မတွေ့ရတော့ဘူးလို့တွေးမိတိုင်းမှာ ကျွန်တော့်သွေးတွေခမ်းေခြာက်သွားသလိုပဲ။
အကိုကနောက်နှစ်တန်ဆောင်တိုင်ကိုထပ်လာဦး မှာပါလို့ဖြည့်တွေးမိတော့ ကျွန်တော်ဆောင်းရာသီ ကိုနှစ်သက်မိသည်။နွေရာသီကျောင်းပိတ်တော့ အင်္ဂလိပ်သင်တန်းတက်ရသည်။နောက်နှစ်အကိုပြန်လာရင်ကျွန်တော်အတန်းတစ်တန်းကြီးသွားပြီဆိုတာကို ကြွားချင်သည်။
မနက်ကိုးနာရီစသည့်သင်တန်းကို အိပ်ပုတ်ကြီးသည့်ကျွန်တော်အမြဲနောက်ကျတတ်သည်။
အကို့ကို အိပ်မက်မက်ခဲ့သည်။အကိုက ပန်းခြံထဲက ခရစ်စမတ်ထင်ရှူးပင်စိုက်ထားတဲ့ ပန်းခုံပေါ်မှာထိုင်ပြီးကျွန်တော့်ကို လက်ပြလှမ်းခေါ်နေသည်တဲ့။ အကို့အပြုံးတွေတောက်ပလွန်းသည်။
ကျွန်တော့်ရဲ့သာယာလှစွာသောအိပ်မက်ကို ကျွန်တော့်အမရဲ့ သင်တန်းနောက်ကျပြီဆိုတဲ့စကားတစ်ခွန်းက ဖဲ့ခြွေပစ်သည်။
အိပ်ရာအမြန်ထ၊ မျက်နှာသစ်ပြီးတာနဲ့ ညဝတ်အင်္ကျီတောင်မလဲဘဲ အနွေးထည်အပါးလေးထပ်ဘောင်းဘီပဲလဲကာ အိတ်ကိုကောက်ယူပြီး အိမ်ပြင်ပြေးထွက်ခဲ့သည်။
ခြံဝန်းထဲကပန်းခြံနားကိုဖြတ်ခါနီးမှာ အနက်ရောင်hoodie ဝတ်ထားတဲ့ကျောပြင်က ကျွန်တော့်ကို ရူးမတတ်ပြုံးရွှင်စေသည်။
YOU ARE READING
အရိပ္အေယာင္ အရိပ်အယောင်