သူ့အထိအတွေ့ သူ့မုန်းတီးခြင်း သူ့လှောင်ပြောင်ခြင်းတွေ နေသားကျဖို့ မျက်နှာပြောင် တိုက်ခြင်းက ကျွန်တော့မှာ အသင့်ရှိနေတယ်
ကြိုက်သလောက် ဟားတိုက်.....ကြိုက်သလောက်လှောင်ပြောင်...
ဒါပေမယ့် အချစ်တွေတော့မပါမိစေနဲ့....
အချစ်တွေပါတဲ့နေ့..
ခင်ဗျားကိုကျွန်တော် ပြန်ပြီး ဟားတိုက်ပစ်မှာ....
.
...............LIE.......
ခမ်းနားလွန်းတဲ့ အိမ်ဖြူဖြူကြီးကို အိမ်ပြင်ကနေ ပြန်မော့ကြည့်လိုက်တယ်..
ညဘက်မှာတောင် လင်းထိန်နေတဲ့ အိမ်က အရမ်းကို ခမ်းနားထည်ဝါလွန်းတယ်....မဆီမဆိုင် ကျွန်တော့လို လူစားမျိုးက ဒီအိမ်ကိုခြေချခဲ့ဖူးတဲ့အတွက် အိမ်မက်တစ်ခုလိုပဲ...
ပိုက်ဆံရချင်တယ် လူကုံထန်တွေနဲ့အပေါင်းအသင်း....?????အပေါင်းအသင်းတော့မဆိုလိုတော့ဘူး...လူကုံထန်တွေနဲ့ တစ်ညတာကုန်ဆုံးချင်တယ်
ဒါမှ ပိုက်ဆံရမှာကိုး....ဒါပေမယ့်လည်း အခုထိ အိမ်ခေါ်ပြီး အတူနေတာမရှိခဲ့ဘူး
ကျွန်တော့ တို့လို လူစားမျိုးတွေကို လူသိရှင်ကြား အခေါ်အပြောမလုပ်ဘူး
သူတို့လိုချင်ရင် ကလပ်က နေရာကိုလာတယ်
ကိုတွေက ပိုက်ဆံငမ်းငမ်းတက် ခြူစားကြတယ်....
ကျွန်တော်အပါအဝင်ပေါ့...ငွေလိုတယ်လေ...အသက်ဆက်ရှင်ဖို့အတွက်
.တစ်နေ့တာ အသက်ရှူချောင်ဖို့အတွက် ပိုက်ဆံလိုတယ်...ဒီနေ့ဒီလောက် ပိုက်ဆံရရင် နောက်နေ့ဒီထပ်ပိုလိုချင်တယ်....
လောဘလား...ဒါမှမဟုတ် အကျင့်ပါသွားတာလားတော့မသိဘူး ငွေသာပြလိုက် ကျွန်တော့ခန္ဓာကိုယ်ပေးပြီးသားပဲ...
ကျွန်တော်ငွေမက်တယ်.....ဒါပေမယ့် သူနဲ့တွေ့ပြီး ဒီအလုပ်ကိုမုန်းလာတယ်.....
.
.
.ပေးလိုက်တဲ့ ပိုက်ဆံထည့်ထားတဲ့အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး မနက်နှစ်နာရီထိုးကြီး လူသူမရှိ သူတို့ပြောတဲ့ လူကုံထန် အဆောက်အဦးကနေ jimin သုပ်ချေတင် လမ်းလျောက်နေ၏
သူတို့လို သူဋ္ဌေးတွေအတွက်တော့ အနားယူချိန်ပေါ့
ကျွန်တော့လိုလူအတွက်ကတော့ သူတို့အနားယူဖို့ ပြုစုပေးလို့ ရတဲ့ပိုက်ဆံလေးကြောင့် ငိုချင်မတက်ပျော်နေခဲ့တယ်...
လုံလောက်တာထက်ပိုနေတဲ့ ငွေအချို့ကြောင့် ဒီနေ့တော့ အဖေ့အသုံးစရိတ်ကို ပို့ပေးလို့ရခဲ့ပြီ
အမေ့အတွက်လည်း ဆေးရုံစရိတ်လည်းသွင်းနိုင်ခဲ့ပြီ...