ပြီတီတီ ရိတိတိ စကားအသုံးနှုန်းမျိုးကို ပါးစပ်အရသာခံပြီး ထိုအဆောက်ဦးထဲကထွက်လာကတည်းက တောက်လျောက်ကြားနေရသည်။
ပင်ပန်းနွမ်းနယ်သည်ထက် ရင်ထဲ တနုပ်နုပ်နှင့် ခံစားရခက်စေသည်က ဘယ်အချိန်ကစပြီး ကျွန်တော် ဒီဘဝထဲခြေစုံကန်ပြီးဝင်လာမိလဲဆိုတာပဲ ။ ဘယ်အချိန်ကစပြီးမှားခဲ့တာလဲ? ဘာကြောင့်ဆိုတဲ့ အဖြေကိုသိပေမယ့် ဘယ်အချိန်ကဆိုတဲ့အဖြေကို အခုထိမသိသေးဘူး ။ သာယာတာလား ။
ကျင်လည်ရတဲ့ဘဝမို့ မတက်သာလို့ဆိုတဲ့
ဖြစ်စဉ်ကလည်း အကြောင်းပြချက်တစ်ခု ။ ကျွန်တော် သူနဲ့ မတွေ့ခင်အထိ ဒီအရာတွေကို မကြောက်ရွံဖူးဘူး ။ သူနဲ့တွေ့ပြီးကတည်းက ဒီအရာတွေနဲ့ဝေးတဲ့နေရာကို ပြေးထွက်သွားချင်တယ် ။ ဘယ်အရာကိုမှ ငဲ့တွက်စရာမရှိရင် သိပ်ကောင်းမည်။ဟုသာ"အဟွတ်.....အဟွတ်....''
အဆောက်ဦးတခါးဝကနေ ထွက်လာရင်း စီးကရက်တစ်လိပ် ပါးစပ်နားတေ့ရက်နှင့် မီးခြစ်ရှာလိုက်၏ ။ကတုန်ကရီနှင့် ခြေလက်မကိုင်မိသလိုမျိုး ခံစားရခက်နေသည် ။ အိတ်ထဲက မီးခြစ်ကိုရှာတွေ့ကာမှ အသည်းအသန် မီးညှိလိုက်သည် ။
ဒါက ကျွန်တော့အတွက် တစ်ခုတည်းသော သစ္စာရှိတဲ့ အဖော် ။
ပင်ပန်းတဲ့အခါ ကြောက်ရွံတဲ့အခါ မရေမတွက်နိုင်တဲ့ စီးကရက်နဲ့ အဖော်ပြုမိသည် ။ပျက်စီးစပြုနေတဲ့ ခန္ဓာကိုယ်ကို ခန့်မှန်းမိသည် ။.ဆိုသော်ငြား ဒါကလည်း ကျွန်တော့အတွက် လွတ်မြောက်ခြင်းလမ်းလို ဖြစ်တည်ခဲ့သည် ။
"ဟူး........အဟွတ်..... အဟွတ်.... ''
အငွေ့ဖြူဖြူက လေထြဲပန့်ကားသွားသည်ကို စိတ်ဝင်တစားကြည့်နေသည် ။
တစတစ အသိစိတ်ထဲဝင်လာသည်မှာ ထိုသူအကြောင်း ။
သူ့ရဲ့ ပိုက်ဆံပစ်ပေါက်ပေးတဲ့ မြင်ကွင်းကို မျက်စိမှိတ်လိုက်တိုင်း အမှတ်ရနေတုန်းဖြစ်သဖြင့် ထိုလူကိုလည်း မုန်းချင်မိ၏ ။ အခုအခြေအနေသာ သူမြင်ရင် ဘယ်လောက်တောင်လှောင်ရီလိုက်မလဲ ။သူပြောနေကျ စကားအတိုင်း အပျက်တွေက ပိုက်ဆံပြလိုက်တာနဲ့ ခန္ဓာကိုယ်ပေးတာပဲ ဆိုတာ ။အပေါစားအပျက်တစ်ယောက်လို့။သူအမြဲပြောနေကျ ။ သူထပ်ပြီးဟားတိုက်ဦးမယ်