အမှားLIE

4K 459 36
                                    

အိပ်ရင်းနဲ့တစ်စုံတစ်ယောက်စိုက်ကြည့်သည့် ခံစားချက်မျိုး ရုတ်တရက်ဝင်မိတာကြောင့် jimin မျက်လုံးဖွင့်လိုက်၏ ။

ထူးထူးခြားခြား သူ့ရဲ့အနီးကပ်စိုက်ကြည့်နေသည်ကို မြင်လိုက်ရတဲ့အခါ စဉ်းစားမနေပဲ သူ့နှုတ်ခမ်းကို jimin လှမ်းနမ်းလိုက်သည်။

ကြောင်သွားသလို လန့်သွားသလို မထင်ထားတဲ့အပြုအမူက သူနဲ့သိပ်တော့မစိမ်းပေမယ့် သူရှက်သွားတယ်။
Kim taehyungဆိုတဲ့ ရေခဲတုံးကြီးလည်းရှက်တက်သေးသားပဲ...

"ဘာလို့လဲ? "

Taehyung မသိသလိုမေးပြီး

"Morning Kissကို လိုချင်လို့စောင့်နေတာမဟုတ်ဘူးလား? "

"ဘာ?!!!မ....မဟုတ်ပါ ဘူး.... ငါ အလုပ်သွားတော့မလို့ အဲ့...ဒါ.... ''

Taehyung ရှက်နေသည်က စကားတောင်ရောက်မြောက်ရောက်နှင့် အစီအငေါ်မတည့်ဘဲ ရှိနေ၏

တကယ်ဆို သူ့ရဲ့ဖူးပြီးနုအိနေတဲ့ နှုတ်ခမ်းလေးကို အနမ်းလေး ခိုးပေးပြီး တစ်နေ့တာအစပြုချင်ယုံသာ
အခုလို တည့်ကြီး သူလုပ်ချလိုက်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့.

"မင်းအိပ်နေလို့ အသိပေးမလို့လေ.... ဘာလဲ... မင်းက ငါမင်းလိုလူမျိုးနမ်းတာ ခံချင်တယ်လို့ထင်နေတာလား?အရမ်းစိတ်ကူးယဉ်တယ်နော် ။''

ရှက်ရမ်းရမ်းတယ်ဆိုတာ ဒါမျိုးဖြစ်မည်။
လူတစ်ယောက်ကို အကဲခတ်သည်က ဒီက park jiminက ဆရာတစ်ဆူဆိုတာ kim taehyungကြီးမသိတဲ့ပုံပဲ။

လိမ်နေတာ သိသာရဲ့သားနဲ့ ခင်ဗျားဟန်ဆောင်ကောင်းလှချေလား။
ဘာပြဲဖစ်ဖြစ် ကျွန်တော် ဒီနေ့တော့ ခင်ဗျားဘယ်လိုပဲ ရက်ရက်စက်စက်ပြောပြော ကျွန်တော် ခံနိုင်သွားပြီ။
ခင်ဗျား ကျွန်တော့ကို ချစ်တော့မယ်ဆိုတာ ကျွန်တော်သိနေတယ်လေ။

"အင်း....ကောင်းကောင်းသွား ။ ကျွန်တော်အောက်ထိ လိုက်မပို့တော့ဘူး ။
ကျွန်တော် နာ...နေ...လို့....။''

ထိုစကားအရ သူပိုပြီးရှက်သွားလိမ့်မည်။

"ခင်ဗျားရှက်နေတာလား... ။ ဟုတ်လား ......ဟား.....ဟုတ်မယ်... ခင်ဗျားမျက်နှာကြီး နီရဲနေတာပဲ...... ''

LIE|| Vmin (Complete)Where stories live. Discover now