ဘုရားသခင်.... သူ့ကို ယုံကြည်အောင် ကူညီပေးပါ ။
အမှန်တကယ်ပဲ သူ့ကိုထိခိုက်စေချင်တဲ့ စိတ်လေး တစိုးတစိတောင်မရှိတာပါ ။သူ့အတွက် နစ်နာမဲ့ ။အရှက်ရမဲ့ အရာကို
တစ်ခါလေးတောင် လုပ်ကြည့်ဖို့ စိတ်ကူးမရှိခဲ့တာပါ ။သူယုံပါစေ ။ သူမယုံတော့ဘူး ။
အရင်ကထက် ပိုဆိုးတဲ့ မျက်ဝန်းတွေနဲ့ သူ့ကြည့်ခဲ့ပြီ။ခင်ဗျားဒီလိုမကြည့်ပါနဲ့ ။ ကျွန်တော်သေသွားလိမ့်မယ် ။
.
.
.
"မ...မဟုတ်ဘူး?.......''နှုတ်မှသာ တိုးရှရှထွက်ရင်း သူတို့သိအောင်တော့ jiminမငြင်းဆန်ခဲ့၏။
အနားသို့တည့်မတ်စွာ လျောက်လာပြီး သူ့အကြည့်ထဲ တစ်ချက်လေးမှမလျော့သွားထဲ ဒေါသတွေက ကျွန်တော့ကြောင့်သာ ။
ဘေးချင်းယှဉ်ရပ်ပြီး သူကျွန်တော့် အနားကပ်ရင်း
"ကားထဲက စောင့်နေ ။ ''
အေးစက်စက် စကားလုံးနှင့် သူပြောတော့ jiminအလိုက်တသိ ကားထဲ ရောက်နှင့်၏။
အခုတော့ သူ့ဒေါသထက် သူ့ရဲ့ စိတ်ပြေဖို့အတွက် ဘယ်အရာမဆိုလက်ခံပေးဖို့ jiminတွေးနေဆဲပင်။
ကားထဲစိတ်လှုပ်ရှားစွာ ထိုင်နေရင်း သူကားမောင်းသူနေရာကနေ ဘေးချင်းကပ် ဝင်ထိုင်၏။
"ဟို......ကျွန်တော် ။ ''
"Shit.....မင်းစောက်ပါးစပ်ပိတ်ထား ။ ငါဘာအသံမှ မကြားချင်ဘူး...... ''
လှည့်တောင်မကြည့်ခဲ့တော့ဘူး ။ သူကျွန်တော့ကြောင့် အရှက်ရခဲ့မည် ။
တရိပ်ရိပ်နဲ့ ကားလမ်းတစ်လျောက် ကျန်ရစ်ခဲ့သော သစ်ပင်တွေသာ စိတ်ဝင်စားမှု့မရှိဘဲနှင့် jiminကြည့်ရင်း နှုတ်ဆိတ်ခဲ့သည်။
အရှိန်ပြင်းပြင်း ကားကို တိခနဲ ထိုးရပ်လိုက်တော့ ခန္ဓာကိုယ်က ရှေ့သို့ငိုက်စိုက်ကျခဲ့သည် ။ သူဒေါသတော်တော်ထွက်နေတာပဲ ။
ကားထဲကဆင်းဆင်းချင်း taehyungသူ့အခန်းကို jiminကို ဆွဲခေါ်သွားသည် ။
ထို့နောက် ကုတင်ပေါ်သို့ပစ်တင်လိုက်ရင်း.
"မင်း.....ဘာလာလုပ်တာလဲ? "ဟမ်း...... မင်းက ဘာအလုပ်လုပ်နေတာလဲဆိုတာ မင်းကိုယ်မင်းရောသိလား? မင်း ငါ့ကို အရှက်လာခွဲတာ မဟုတ်လား ။ ဘာလဲ ။ စောက်ဆံလိုနေလို့ လူလုံးထွက်ပြတာလား ။ ဟုတ်လား? "