Jiminလက်ဖဝါးသေးသေးလေးသည် taehyungရဲ့လက်ထဲမှာတင် ပျောက်လုနီး၏ ။ လက်ဖျံက အပ်တန်းလန်းကလည်း နှစ်ကြာလာသည်နှင့်အမျှ အမာရွတ်တစ်ခုလို ညိုမည်းကာနေသည် ။ တစ်နေ့တစ်နေ့ ဆေးထိုးနေရပြီး သူနာကျင်နေမှာပဲ... ။
မင်းအိပ်ပျော်နေပေမယ့် မင်းပင်ပန်းနေသေးတယ်မဟုတ်လား...min.....
မင်း ခွင့်လွှတ်မှု့ကို မရဲပေမယ့် ငါမျှော်လင့်လို့တော့ရသေးတယ်မဟုတ်လား....
" မင်းသိလား..jiminငါ... အကုန်လုံးကိုဖွင့်ပြောလိုက်ပြီ ..ငါက ယောက်ျားလေးချင်း ချစ်မိသွားတာရော...မင်းကို လက်ထပ်မှာရော....မင်းသာခွင့်ပြုခဲ့ရင်ပေါ့...''
Taehyung ရေစိုအဝတ်လေးတွေနဲ့ လက်ဖဝါးနုနုလေးကို သုတ်ပေးရင်း အဖြေမရှိတဲ့စကားများစွာကို ကြားနိုင်အောင် ပြောနေသည် ။
ငါးနှစ်လုံး မပျက်မကွက် သူဒီကိုလာပြီး နေပေးဆဲပင်... ။
"အရင်က ငါ့ရဲ့ ရင့်သီးမှု့အတွက် တောင်းပန်ပါတယ်min....ငါ..ငါလေ....မင်းကို မြင်မြင်ချင်းထဲက သဘောကျမိတာ..... စကားတွေကို မင်းနာကျင်အောင်ပြောပြီး မင်းနာကျင်စေခဲ့တဲ့အတွက် ငါနောင်တရလို့မဆုံးဘူး min....''
Taehyung သက်ပြင်းတစ်ချက်ချကာခေါင်းငိုက် စိုက်လိုက်သည် ။ သူ ဒီလိုပဲ ညတိုင်း ဖြေရှင်းပြနေကျ ။ နားထောင်သူသာမရှိခဲ့လေတာ.... ။
ဖိဆုတ်ထားတဲ့ လက်ကလေးက ဆက်ခနဲ လှုပ်သွားချေတော့ taehyung အံသြတကြီးခေါင်းထောင်လိုက်သည် ။
"ဟင်....?? Min....''
လဲလျောင်းနေတဲ့ ကိုယ်လေးကို အသာလှုပ်နှိုးကြည့်သည် ။ သို့သော် တည်ငြိမ်စွာပင် ထိုသို့ လဲနေတုန်းပဲ ။
"မင်း...ငါပြောတာ ကြားလို့လား...?? "
သူထင်ထားသလို သတိရလာခြင်းမျိုးမဟုတ်သည့်အတွက် တစ်မျိုးပြောင်းပြောကာ သူစိတ်ဖြေမိပြန်သည် ။ ငါရူးတော့မယ် jimin.....
Taehyung ဆေးရုံခေါင်မိုးစွန်ထိ တက်သွားကာ မွန်းကြပ်မှု့ကို မျက်ရည်အဖြစ် ဖွင့်ထုတ်လိုက်သည် ။ နောက်တော့....
"ဂျစ်.....''
မီးရောင်တစ်စ မျက်နှာတစ်ဝိုက်လင်းသွားခဲ့သည် ။ သူ့နှုတ်ခမ်းပါးထက်က တေ့ထားသည့် စီးကရက်တစ်လိပ်က အရင်က လှောင်ပြောင်မှု့တစ်ခု...