စက်ပစ္စည်းအကူအညီနဲ့ ဖြည်းညင်းစွာရှူရှိုက်နေတဲ့ လေရှူသံက အနည်းငယ်တော့ကျယ်လောင်၏ ။ တရွှီရွှီနှင့်မို့ ဘေးက ကြားနေရသူတောင် ပင်ပန်းလှ၏ ။ ဘယ်လောက်တောင်ခံရခက်နေလိုက်မလဲ?
ပိုက်ဆံတစ်ခုတည်းနောက်ကိုလိုက်ခဲ့ရတော့ ခန္ဓာကိုယ်က အမှီလိုက်နိုင်ဖို့ ခက်ခဲခဲ့တယ် ။ ပင်ပန်းတယ် ။ဒါပေမယ့် ဒီအလုပ်ကို စွန့်လွှတ်လို့မရဘူး ။မဟုတ်သေးဘူး စွန့်လွှတ်ခွင့်မရှိခဲ့တာ။
ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အချိန်ကို ပိုင်ဆိုင်ခွင့်မရှိတဲ့ လူတစ်ယောက်အဖို့ အချိန်တိုင်းကပုံသေကားချပ်တစ်ခု ။
သူများအိပ်ချိန် ကျွန်တော်နာကျင်ရတယ် ။သူများပျော်ချိန် ကျွန်တော်ငိုနေရတယ် ။ သူများနားချိန် ပိုက်ဆံရဖို့ ကျွန်တော် မြူဆွယ်နေရတယ် ။
ဒီလိုဘဝမျိုးရဲ့အဆုံးသတ်က ကြိုတင်ပြီး သိထားသလိုပဲ ။
ဒါကတော့ သေဆုးံခြင်း ........
.
.
"သား.......???''နှုတ်ကလှုပ်ယုံ ဖွင့်ဟပြီး ပြန်ထူးခဲ့လိမ့်မည် ။ သို့သော် အသံတော့မထွက်ခဲ့ ။ မျက်လုံးလည်း ခပ်မှေးမှေးသာဖွင့်နိုင်ပြီး ပြောရရင် အားနည်းနေသည် ။
"ဘယ်လိုနေသေးလဲ? အဖေဘာလုပ်ပေးရမလဲ ?မောနေသေးလား ။အသက်ရောရှူလို့ဝရဲ့လား?''
စိုးရိမ်စိတ်လေးက ပြာပြာသလဲ သူ့အဖေရဲ့အပြုအမူထက် ပေါ်လွင်စွာပင်။ jiminပြုံးပြလိုက်ပြီး ခေါင်းခါပြ၏ ။
"အ..မေ...ရော? "
သူ့ရဲ့စိုးရိမ်သူကသက်သက်ပင် ဖြစ်ခဲ့မည် ။ ဒီလောက်ထိ နေမကောင်းတာတောင် တခြားသူကိုစိုးရိမ်နေသေးတဲ့ သူ့ကို ဘာကြောင့်များ မကောင်းတဲ့အလုပ်ကိုလုပ်ရလောက်တဲ့အထိ ဘုရားသခင်က အပြစ်ပေးခဲ့တာလဲ?
မတရားဘူးလို့ပြောရင် အနည်းတော့စိတ်ပြေ၏ ။"Hoseokဆိုတဲ့ ဆရာဝန်လေးစောင့်နေပေးတယ် ။ ''
"ကျွန်တော်အမေနဲ့ တွေ့ချင်တယ် ။''
အရေးပေါ်အသက်ကယ်နည်းနဲ့ ပြုလုပ်ထားသည်ကြောင့်လားတော့မသိ
ရင်ဘက်တစ်ခုလုံး အောင့်ကာနေ၏ ။ တစ်ကိုယ်လုံးလည်း အထိမခံနိုင်လောက်အောင်ပင် ထိုးကိုက်နေသည် ။