ယိုင်နဲ့နဲ့ ပျော်ရွှင်မှု့ရဲ့ခွန်အားက သူ့ကြောင့်ရခဲ့သည် ။
ပျော်ရွှင်လွန်း၍ ငိုရသည် ။ပျော်ရွှင်လွန်းလို့ နာကျင်ရသည် ။ နာကျင်လွန်းလို့ သူပျော်ခဲ့မည် ။ ဒါကျွန်တော့အတွေး ။
အမှန်ကား...... ကျွန်တော့ ဘဝကြောင့် သူကြောက်ရွံခဲ့သည် ။
ကျွန်တော့ဖြစ်တည်မှု့ကို သူအားနာခဲ့မည် ။
ကျွန်တော့ ချစ်ခြင်းကို သူ အမှားဟုထင်ခဲ့မည် ။ဒါအမှန်ပဲမဟုတ်လား......
.
."ကျွန်တော် တောင်းပန်ပါတယ် park jiminssi''
"ဟင်???''
ခနတာ ကြောင်အသွားရသည် ။ မတိမ်းမယိမ်း အရပ်ကမဟုတ် ။အတော်ပင် ကျွန်တော်သူ့ထက်ပုသည့်အတွက် သူ့ကိုမော့ကြည့်ကာ သူ့မျက်ဝန်းကို အတည်ပြုမိသည် ။
အလို......??? ဒီ အကြည့်မျိုး ကျွန်တော်တစ်ခါလေးတောင်မတွေ့ခဲ့ဖူးဘူး ။ ကျွန်တော့ကြောင့်လား tae? ကျွန်တော့ကြောင့် ခင်ဗျား ဘာတွေ ထပ်ပြီးထိခိုက်သေးခဲ့လဲ ။
"Tae??? ဘာ...ဘာဖြစ်လို့လဲဟင်.. ။ဘာတွေ... ပြောနေတာလဲ ။''
ငိုချင်ရက်လက်တို့ဆိုတဲ့အတိုင်း သူ့ အပြောအဆိုကိုကြည့်ပြီး ကျွန်တော်မှားခဲ့ပြီလား ။ တဖြည်းဖြည်းဝေ့လာသည့်မျက်ရည်စကို မျက်တော်င်ခတ်ချကာ သူ့ကိုပြန်မော့ကြည့်ဆဲပင် ။
"ငါတောင်းပန်ပါတယ် ။ငါ ....ငါ....မင်းတို့မိသားစုကိုဖျက်ဆီးမိခဲ့တယ် ။''
သူ့စကားကို အခုထိ jiminနားမလည်သလိုပြုမူမိသည် ။
"ဘာတွေပြောနေတာလဲ?? Tae??ကျွန်တော့ဆီလာတာမဟုတ်ဘူးလား ။ ကျွန်တော်နေမကောင်းတာသိလို့လေ။''
"ကားတိုက်ပြီး ထွက်ပြေးသွားတဲ့ ကျောင်းသားက ကိုယ်ပဲ ''
Taehyung အဖြစ်မှန်ကိုဖွင့်ပြောကာ ခွင့်လွှတ်မှု့ရယူချင်သေး၏။ သူ့ကိုလှောင်ခဲ့မိတယ် ။ သူ့ဖြစ်တည်မှု့ ။သူ့ဘဝကို ပျက်ရယ်ပြုခဲ့တယ် ။ ဒါတွေအားလုံးရဲ့ အစက ကျွန်တော့ကြောင့်ဆိုတဲ့အမှန်တရားကို မသိခဲ့ဘဲနှင့် ။
"Nae....???''
"Jimin???''
Jiminသည် တင်းကြပ်စွာ ဆုတ်ကိုင်ထားတဲ့ လက်တွေ လွတ်ကျသွားတော့taehyung ဘက်က မလွှတ်တမ်းပြန်ဆွဲကိုင်၏ ။