လေပြင်းပြင်းတစ်ချို့ ပင်လယ်ပြင်အပေါ်ကနေ ဖြတ်သန်းတိုက်ခတ်လာသောကြောင့် ရေမှုန်ကလေးများ မျက်နှာတစ်ပြင် ရိုက်ခတ်ခဲ့သည် ။ ပါးဖောင်းဖောင်းလေးက မက်မွန်သီးလေးလို နီရဲနေပြီး အေးလို့ထင်သည် jimin ကိုယ်တစ်ချက်ကျုံ့လိုက်သည် ။
အနောက်ကသိုင်းဖက်ထားတဲ့ taehyungသည် ပင်လယ်ပြင်အား အာရုံမစိုက်နိုင်ပါဘဲနှင့် သူ့အပြုအမူတစ်ခုချင်းစီကို သတိထားကာနေ၏ ။
"ချမ်းလို့လား...min?''
"အင်း...ရေမှုန်တွေ ထိသွားလို့...''
ခပ်ပြုံးပြုံးလေး သူဖြေတော့ ပါးအိအိလေးက ပိုပြီးပြည့်ဖောင်းလာသလို ။
ခနတာလေးတောင် သည်းမခံနိုင်လွန်းသော သူ့ရဲ့ လှပမှု့ကြောင့် ထိုပါးအိအိလေးကို ကျွန်တော် ထိကပ်မိပြန်သည် ။"အိမ်ပြန်တော့မလား....''
"အင်း...ခင်ဗျားသဘောလေ...''
ထိုသေးငယ်တဲ့ ကိုယ်လေးကို စွေ့ခနဲပွေ့ချီကာ ဖိနပ်အပါးလေးထိုးသွင်းရင်း အပြန်လမ်းလေးက တိတ်ဆိတ်ခဲ့သည် ။
အနေစိမ်းသည် ။ ဤသည်က ခနတာဝေးကွာခဲ့ကြလို့ ။ သို့သော်... နှလုံးသားချင်း အချစ်ချင်းကတော့ နီးစပ်မြဲံနီးစပ်ဆဲပဲ ။
.
.
.
"ဒီအိမ်လေးလား jimin ''"အင်း ''
သေးငယ်သောအိမ်လေး ဆိုသော်ညား ဖြူစင်မှု့သာ ကျန်ရှိတော့တဲ့သူ့အတွက်တော့ စိတ်ကျေနပ်စရာကောင်းလွန်းသည်မဟုတ်လား ။
"ငါ ရော ဒီမှာနေလို့ရမလား... ''
Taehyung ကုတင်ပေါ်ကို jiminအား ဖြည်းညင်းစွာချပေးရင်းပြော၏ ။
Taehyungအကြံသည် တခြားဖြစ်ခဲ့မည်ဆိုတာ jiminကောင်းကောင်းသိ၏ ။ အခုတောင်ပြန်တွေ့တာ နာရီပိုင်းပဲရှိသေးသည် ခိုးနမ်းတာရောပေါ်တင်နမ်းတာရောနှင့် အသားယူလွန်း၏ ။
"ဟင့်အင်း မရပါဘူး ။မနက်ဖြန် အဖေပြန်လာမှာ ။''
"လုပ်ပါ ...jiminရာ ဦးလေးမလာခင် ငါပြန်မယ်လေ ။ ''
"ဟား....မရဘူးဆို ခင်ဗျား ဒီလိုတဇွတ်ထိုးမလုပ်နဲ့ ။''
Taehyungခနတာ မျက်နှာ ပျက်သွားသည် ။ ကျွန်တော်က သူ့ရဲ့ဘေးမှာ နေချင်ခဲ့တာ ။