One Sunset (feelings of Jin Guan Yao)

35.7K 580 24
                                    

အချိန်သည်ကား နေမင်းဖြိုခွင်းတိုက်ပွဲကာလတွင်း
နေရာသည်ကား Nieဂိုဏ်းနှင့်ဝမ်ဂိုဏ်း စစ်ခင်းတနေရာ

ဝမ်ဂိုဏ်းသားအလောင်းတခုကို မုံ့ယောင်ဆွဲမလာရင်း ပုံနေပြီဖြစ်သောအလောင်းထပ်အစုအဝေးဆီသို့ ထိုအလောင်းအား အားနဲ့လွတ်ပစ်လိုက်သည်...
ဤနေရာသည်ကား စက်ဆုပ်ဖွယ်အတိပြီးသော အလောင်းပြင်ကြီး ပြန့်ကျဲနေသော အလောင်းများက နေရာအနှံ့... ရာချီသောဤအလောင်းများအား မြှုပ်နှံဖို့မဖြစ်နိုင်၍ မီးရှီု့သြိဂိုဟ်ခြင်းဖြင့်သာ စစ်တလင်းကို ရှင်းလင်းဖို့ Nieဂိုဏ်းချုပ်ဆီ မုန့်ယောင် လျှောက်တင်လိုက်သည်...

************************************
ကောင်းကင်ယံတွင် မီးခိုးလုံးများဖြင့် ချက်ချင်း မှိုင်းအုံ့သွားသည်...
အော်ဂလီဆန်စရာ အသားညှော်နံ့များက ပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့်လွမ်းခြုံသွားလျက်...
Nie ဂိုဏ်းချုပ်က တရှဲရှဲတောက်လောင်နေသော မီးပုံများကို တချက်ကြည့်လိုက်ပြီး ယာယီတဲဆီသို့ ဆက်လျှောက်သွားသည်...
ဂိုဏ်းချုပ်တဲထဲဝင်သွားသည်အထိမုံ့ယောင်ကိုင်းညွှတ်အရိုအသေပြုလျက်...
Nieဂိုဏ်းသားများသည် အလောင်းများကိုမပြတ်ထိုးသိပ်သဂြိုဟ်ရင်း မီးအရှိန်မသေစေရန် လုံးပန်းနေကြသည်... အလောင်းများကို ကိုင်တွယ်ရတာ ရွံရှာဟန် ဆဲရေးတိုင်းထွာနေသော ဂိုဏ်းသားများကို လျစ်လျူပြုရင်း မှတ်တမ်းစာအုပ်ကို ပိုက်ကာ အလောင်းပြင်ထဲသို့ မုံ့ယောင်ပါ ဆင်းလိုက်သည်...ဝမ်တွေကို တိုက်ခိုက်ရင်း ကျဆုံးသွားသော Nieဂိုဏ်းသားများ၏အလောင်းများစီတန်းထားရာသို့... စစ်ပွဲတွင် အသက်ပေးခဲ့ရသော ဂိုဏ်းသားများ၏ ကျန်ရစ်သူမိသားစုအား ဂိုဏ်းမှ စားဝတ်နေရေး ထောက်ပံ့ပေးလေ့ရှိသည် ထို့အတွက်
တဦးတယောက်ချင်းစီရဲ့ အမည် အသက်ကို မုန့်ယောင် မှတ်သားထားရပေမည်... ကျဆုံးသွားသော Nieဂိုဏ်းသားတချို့ရဲ့ အလောင်းများကို စစ်ဆေး၍အပြီးမှာတော့ မှောင်ရိပ်ဆင်လာပြီဖြစ်သည်... မှိုင်းညို့ညို့ကောင်းကင်ယံထက်မှာတော့ မီးမသေသေးသော အလောင်းပုံတချို့မှ ထွက်နေဆဲ မီးခိုးငွေ့အနည်းအကျဉ်း ရှိနေသည် ဂိုဏ်းသားတချို့က စခန်းချရာဆီသို့ ပြန်သွားပြီဖြစ်ပြီး ကျန်ရှိနေသူတချို့က ပျင်းရိငိုက်မျဉ်းစွာ အလောင်းတချို့ကို အပြီးသတ်နေဆဲပင်... ညောင်းညာကိုက်ခဲနေမှုနဲ့အတူ ဆာလှောင်လှပြီဖြစ်သော ဝမ်းဗိုက်ဆီမှလည်း တကျုတ်ကျုတ်မြည်ကာ ဆန္ဒပြနေပြီဖြစ်သော်လည်း စားလိုစိတ်မရှိပေ... ဤနေရာတွင် မုံ့ယောင်အတွက် လုပ်စရာမရှိတော့သော်ငြား သွားလိုသည့်ဆန္ဒမရှိသေးဘဲ ရပ်နေမြဲအတိုင်းပင် မီးခိုးငွေ့တချို့လွှမ်းခြုံသော ကောင်းကင်ပြင်အား ငေးမောနေမိသည်...

Mo Dao Zu Shi ဝတ္တုတိုများWhere stories live. Discover now