"လန်ကျန့် လန်ကျန့်!! ငါ့ကို အန်ပေါင်း(ဟုန်ပေါင်း) ပေး!ခုန်ပေါက်ကာဝင်လာသော ဝေ့ဝူရှင်း၏အသံခပ်မြူးမြူးကြောင့် စာဖတ်နေရာမှ လန်ဝမ့်ကျီး မော့ကြည့်လိုက်သည်။ အပြုံးကြီးကြီးတခု ချိတ်ဆွဲကာ လက်နှစ်ဖက်လုံးဖြန့်ပြလျက် ပိုက်ဆံတောင်းနေသော ဝေ့ဝူရှင်း၏ မျက်လုံးတောက်တောက်လေးများနှင့် အကြည့်ချင်းဆုံမိတော့ သတိလွတ်စွာ စကားဆိုမိသည်။
"ငါ ပိုင်သမျှအားလုံးက ဝေ့ရင်းဟာပါပဲ "
ဝေ့ဝူရှင်းတယောက် မျက်နှာပေါ် စပ်ဖြီးဖြီးအပြုံးတခုဖြစ်တည်လာသည်နှင့်အတူ လန်ဝမ့်ကျီးအနား တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။
"လန်ကိုကိုလေး မင်း ခုနက ဘာပြောလိုက်တာ "
"ဘာမှမဟုတ်ဘူး" "ရော့ "
အငြင်းဝါကျနှင့်အတူ လန်ဝမ့်ကျီးလှမ်းပေးလာသော င်္ဒဂါးပြားငယ်များထည့်ထားသည့် အိတ်ရှုံ့ကို တချက်ကြည့်ကာ ဝေ့ဝူရှင်း လူယုတ်မာပြုံး ပြုံးလိုက်သည်။ ပိုက်ဆံအိတ်ငယ်ကို လှမ်းယူကာ လက်ထဲတွင် မြှောက်ဆော့နေရင်း လက်တဖက်က လန်ဝမ့်ကျီးပါးကို ခပ်နာနာဆွဲညှစ်လိုက်သည်။"မင်း ခုနက တခုခုပြောလိုက်တာ သေချာရဲ့သားနဲ့! ငါမှ မင်းလို အကြားအာရုံအစွမ်းသိပ်မကောင်းတာကို မင်းကပြန်ပြောပြမပေးချင်ဘူး! "
" "
" အယ်…ဒီလို လုပ်ပါလား လန်ကျန့်!! မင်း ခုနက ပြောတဲ့စကားကို တခွန်းပဲပြန်ပြောပေး… ငါ ဒီပိုက်ဆံကို မယူတော့ဘူးလေနော်… နော်…နော်လို့ ဟန်ကွမ်းကျွင်း???"
" ဝေ့ရင်း မင်း အပြင်သွားမလို့မဟုတ်လား! ငါလည်း စာဖတ်တော့မယ် "
သူ့မေးခွန်းများအား လျစ်လျူပြုကာ စာအုပ်ကောက်ကိုင်သော လန်ဝမ့်ကျီးကြောင့် ဝေ့ဝူရှန့်မဆိုမစလောက်လေး ဒေါပွလာရသည်။
"အစကတော့ သွားဦးမလို့ပါပဲ ။ ဒါပေမယ့် တစုံတယောက်ကို အပြစ်ကြီးကြီးပေးရမှာမို့ ငါ ဒီနေ့ အပြင်မသွားဖြစ်တော့ဘူး "
ကျောချမ်းဖွယ်လေသံကြီးနဲ့ ကြက်သီးထဖွယ်စကားအဆုံး
လန်ဝမ့်ကျီးလက်ထဲမှ စာအုပ်ငယ်မြေခသွားခဲ့ရသည်။ ဟန်ကွမ်းကျွင်း၏ အဆောင်တော်သည်လည်း တစုံတဦးပယောဂကြောင့် နေ့တပိုင်းမျှ တံခါးပိတ်သွားတော့သည်။______________________________________
新年快乐 。。。。。
နှစ်သစ်အမှီ Fanficလေးတပုဒ် လက်ဆောင်ပေးချင်ပေမယ့် အကြောင်းကြောင်းကြောင့်မအားလို့ mini ficလေး ကမန်းကတန်းကောက်typeလိုက်ရတယ် :')
Happy Chinese New yearပါ
ဖတ်ပေးကြတဲ့သူတွေရော RLထဲ ထည့်ပေးကြတဲ့သူတွေရော အရမ်းကျေးဇူးတင်ပါတယ်။4.2.2019
Mon
9:00PM