Yi City Arc Fanfic

7.5K 297 3
                                    


This part is XueYang's Point of View  fanfic.

Hope you guys enjoy ~_^

ဆရာလေး… ကျွန်တော့်အပေါ် ခင်ဗျားတကယ် မတရားခဲ့တာပဲ!!

လူတွေအပေါ် မေတ္တာထားပါတယ်ဆိုတဲ့ခင်ဗျားက ကျွန်တော့်ကိုဆို နဲနဲလေးတောင်မှ မျက်နှာသာမပေးခဲ့ဘူး…
အမြဲတမ်းလိုလို ကျွန်တော့် အပြစ်ပေးဖို့ ဖမ်းဆီးချင်နေခဲ့ပြီး နောက်ဆုံး ခင်ဗျားကို ဆုံးရှုံးလိုက်ရလို့ ယူကြုံးမရတဲ့ စိတ်အစုံနဲ့ နေမချိတဲ့ဘဝမှာ ထားသွားရက်ခဲ့တယ်!!

ခင်ဗျားကို ကျွန်တော် ဘယ်လောက်တောင် မုန်းတီးနေလဲ သိရဲ့လား…

မဆီမဆိုင် ဝင်စွက်ဖက်ပြီး တရားသဖြင့်စီရင်ချင်ခဲ့တဲ့ ခင်ဗျားကို ကျွန်တော် ဘယ်လောက်မုန်းလိုက်သလဲ!!

ကိုယ့်ကိုကိုယ်အထိခိုက်အနစ်နာခံပြီး လူတကာအတွက် တရားမျှတမှုပေးချင်တဲ့ သူရဲကောင်းကြီးခင်ဗျား…

" မကောင်းသူပယ် ကောင်းသူကယ် "ချင်ခဲ့တဲ့ ခင်ဗျား…

ခင်ဗျား ကိုယ်တိုင်ရဲ့လက်မှာ အပြစ်မဲ့ပါတယ်ဆိုတဲ့ ခင်ဗျား ကာကွယ်ပေးချင်ခဲ့တဲ့ လူသားတွေရဲ့ သွေးတွေ စွန်းထင်းနေခဲ့တော့ ဘယ်လိုခံစားရလဲ!??

ခင်ဗျား မှ မမြင်နိုင်ခဲ့ပဲ!!
သမီး သား ဇနီး မယား မိဘတွေကို မသတ်ပစ်လိုက်ဖို့ လူးလွန့်အသနားခံတောင်းပန်နေကြတဲ့  လူသားတွေ …
ကျွန်တော့်ဓားချက်ကြောင့် စကားပြောနိုင်စွမ်းကင်းမဲ့နေလို့ ခင်ဗျားခြေရင်းမှာ ငိုငိုယိုယိုနဲ့ တောင်းဆိုနေကြတာလေ…

ဟက်… ခင်ဗျားမှ မမြင်နိုင်ဘဲလေ

ခင်ဗျားမျက်လုံးအစုံကို မိတ်ဆွေကောင်းကြီးအတွက် ရက်ရက်ရောရော ပေးခဲ့တာကိုး…

တကယ်တော့ ခင်ဗျားရဲ့ ခင်ဗျားမိတ်ဆွေအပေါ် ခင်မင်မှုဆိုတာကြီးကလည်း ဂုဏ်ပကာသန တစ်ခုသက်သက်ပါပဲ မဟုတ်လား …

သူ့ကို ဥပါဒ်ဖြစ်စေခဲ့တာလည်း မင်းပဲ…
သူ့ကို သေစေခဲ့တာလည်း မင်းပဲလေ…

ကျွန်တော် ထင်ခဲ့တယ်…
ခင်ဗျားသာ ခင်ဗျားလက်နဲ့ လူတွေအများကြီးကို သေစေခဲ့မိမှန်းသိရင်…
ခင်ဗျားရဲ့မိတ်ဆွေကောင်းကြီးကို သေစေမိခဲ့တာမှန်း သိခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ပျော်စရာလေးတွေရှိလာလိမ့်မယ်ပေါ့…

ဒီလူသားက ခင်ဗျားလက်ကို ညစ်နွမ်းစေခဲ့လို့ လူတွေ ကယ်တင်ရတာကို စိတ်ပျက်သွားလေမလား…
ဒါမှမဟုတ် ခင်ဗျား ကြိုးစားပမ်းစားကယ်ချင်ခဲ့တဲ့  ဒီအသက်ကို ပြန်ယူလေမလားပေါ့…

ဟားဟား… အများကြီး မျှော်လင့်ခဲ့ပြီး ဘာမှဖြစ်မလာတော့ စိတ်တော့ပျက်မိသား…

အရှုံးသမားတစ်ယောက်လို ခင်ဗျားက ထွက်သွားပစ်လိုက်တော့ စိတ်ဝင်စားစရာမကောင်းတော့ဘူး ဖြစ်သွားတယ်…

ခင်ဗျားကို မြင်စေချင်သေးတယ်… လူသားတွေက ဘယ်လောက် ကောက်ကျစ်ယုတ်မာပြီး စိတ်ကောင်းစေတနာကောင်းနဲ့ မတန်လဲဆိုတာ!!

ခင်ဗျားကို သိစေချင်သေးတယ်… လူတိုင်းက ခင်ဗျားလို တုံးအပြီး ရိုးစင်းမနေဘူးဆိုတာ!!

ဘာကြောင့်များ ဒီလိုကြီး ထွက်သွားပစ်လိုက်ရတာလဲ!!?

ကျွန်တော့်ရဲ့အတ္တတွေထဲမှာ ခင်ဗျားကို အားရအောင် ကစားချင်သေးတယ်…

ခင်ဗျားရဲ့နေ့စဉ်ဘဝမှာ ခင်ဗျားအရမ်းမုန်းတဲ့ ကျွန်တော်က ခင်ဗျားအတွက် မေ့မရတဲ့ အမှတ်တရတွေ ဖြစ်ပေးချင်သေးတယ်…

ခင်ဗျားအတွက် ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးဦးမယ်…
အရယ်အပြုံးတွေ ယူဆောင်လာပေးဦးမယ်…
ကျွန်တော့်ကြောင့်ဖြစ်ခဲ့ဖူးတဲ့ အပျော်တွေက ခင်ဗျားအတွက် နာကြဉ်းစရာပဲမဟုတ်လား…

ကျွန်တော့်ကို သကြားလုံးချိုချိုတွေကို ပေးခဲ့ဖူးတာတွေ…
ကျွန်တော်စားဖို့ ခင်ဗျားလက်နဲ့ ချက်ပြုတ်ပေးခဲ့ဖူးတာတွေ… ပြန်တွေးလိုက်တိုင်း ရင်နာစရာကောင်းတယ်မဟုတ်လား…
ခင်ဗျားရဲ့စေတနာတွေ မထိုက်တန်တဲ့သူဆီကို ပေးခဲ့မိတယ် အောက့်မေ့နေပြီမလား…

စောင့်ကြည့်နေပါ ရှောင်ရှင်းချန်…

ကျွန်တော် ခင်ဗျားကို ဒီအတိုင်း ပေးမသွားဘူး…

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်နား ပြန်ရောက်လာစေရမယ်…

                                       16.7.2019

                                            TUE
                                         
                                                 4:47 P.M

ဘာတွေရေးသွားလဲ မသိဘူး -_-
LAက XueYang actorကို သဘောကျ :')
တခါမှမချစ်ခဲ့ဖူးတဲ့Xue Yang chတောင် ကောက်ချစ်သွားLoL
သူလေးရဲ့ Smirkလေးက အသက်ပါပဲ :-D

Mo Dao Zu Shi ဝတ္တုတိုများDonde viven las historias. Descúbrelo ahora