ကျင်းကွမ်းယောင်…
ဝတ္တုထဲက ဗီလိန်ပေါ့ လူပေါင်းများစွာကို လိုသလိုအသုံးချ စတေးပြီး ဖခင်ကိုသတ် သွေးရင်းကိုသတ် ဆရာကိုသတ် သွေးသောက်ကိုသတ် ဇနီးသည်ကိုသတ် ရင်နှစ်သည်းချာသားသမီးကိုသတ် သူ့ထက်ဆိုးတဲ့သူရယ်လို့ မရှိတော့ဘူးပေါ့…ဒါပေမယ့် သူ့မှာ ရက်စက်တဲ့စကားလုံးတွေရယ်နဲ့ ဖိနှိပ်ခံနေရချိန် သူ့ဘက်က ရပ်တည်ပေးမယ့်သူရယ်လို့ မရှိခဲ့ဘူး…
အများသူငါက ရှေ့တင် ရှုံ့ချကဲ့ရဲ့နေချိန်မှာ သူ့မှာ ပြန်ချေပစရာလည်း သူ့ဖြစ်တည်မှုဟာ လူတွေအထင်ကြီးလေးစားတဲ့ သားသားနားနားဘဝမျိုးမဟုတ်ခဲ့ဘူး…
ဖခင်အရင်းဆီမှာ အသိအမှတ်ပြုခံရခြင်းနေနေသာသာ သူ့မိခင်နဲ့သူ့တည်ရှိမှုကို မှတ်ဥာဏ်ထဲအလျဉ်းမရှိတဲ့ ဘဝတခုမျိုးကို ဘယ်သူက လိုချင်ခဲ့မှာလဲ???
နှိမ့်ကျတယ် အောက်တန်းကျတယ်လို့ အများကယူဆကြတဲ့ ပြည့်တန်ဆာမတစ်ဦးရဲ့ ရင်နှစ်သားဆိုတဲ့ဘဝကို သူရွေးချယ်ခဲ့မိလို့လား!!!မညှာမတာထိုးနှက်လာတဲ့ စကားစုအရပ်ရပ်တွေဆီမှာ ခံနိုင်ရည်မရှိစွာ သူပြိုလဲတော့ ခံပြင်းစွာပဲ လက်သီးကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ထားမိတယ်… ပခုံးထက်ကို ကျရောက်လာမယ့် ဖျောင်းဖျနှစ်သိမ့်ပေးမယ့် လက်ဝါးအစုံမှ ကျရောက်လာခြင်းမရှိဘဲလေ…
စကားစမြည်ပြောရင်း တစ်ဝိုင်းတည်း တူတူလက်ဆုံစားပေးမယ့် အဖော်ရယ်လို့မရှိခဲ့ဘူး…
သူနဲ့ မျက်နှာချင်းဆိုင်မိရင်တောင်မှ ကျက်သရေ မရှိတော့ပါဘူးတဲ့လေ…ရှည်လျားလှတဲ့ အေးစက်စက်ဆောင်းညချမ်းတွေမှာ နံဘေးမှာ အဖော်ပြု လျဲလျောင်းနေပေးမယ့်သူရယ်လို့မရှိဘူး…
ထမင်းဖြူဖြူတွေပေါ်မှာ ဟင်းတွေထည့်ပေးလို့နေမယ့် တူတစ်စုံကိုင်ထားတဲ့ သူရယ်လို့ မရှိဘူး…
ဝမ်းနည်းနေတဲ့အခိုက်မှာ ကျောပြင်ပေါ်ခပ်ဖွဖွ ပွတ်သပ်ပေးနေမယ့် လက်တစုံရယ်လို့ မရှိဘူး…
ဝမ်းသာနေတဲ့အခိုက်တန့်မှာ စကားလုံးရယ်လို့စီကုံးမရဘဲ ကျဆင်းလာတဲ့ မျက်ရည်စတွေကို ညင်ညင်သာသာသုတ်လို့ ပေးမယ့် လက်တစုံရယ်လို့ မရှိဘူး…
သူ့ရဲ့ တီတီတာတာစကားခွန်းတို့ကို နားဆင်ပေးပြီး ခွန်းတုံ့ပြန်ပေးမယ့်သူရယ်လို့ မရှိခဲ့ဘူး…
သူ့မှာ ကြည်ကြည်ရွှင်ရွှင် ပြုံးပြပေးမယ့်သူတောင် မရှိခဲ့ဘူး…သူ့မှာ နာကျည်းစရာအမှတ်တရတွေကလွဲလို့ ဘာမှမရှိခဲ့ဘူး… ဘယ်သူမှလည်းသူ့ဘက်မှာ ရှိမနေပေးခဲ့ဘူး…
***********************************
ကျယ်ဝူကျွင်း လန်ရှီးချန်တယောက်ကလွဲလို့ ကျင်းကွမ်းယောင်ကို နှိမ်ချတဲ့အကြည့်နဲ့ လှောင်ပြောင်တဲ့ အပြောမျိုး မပြောတဲ့သူရယ်လို့ မရှိခဲ့ဘူး… ကျင်းကွမ်းယောင်ကလည်း လန်ရှီ်းချန်ကို တကယ်လေးစား တကယ်ချစ်ခင်ခဲ့တာပါ…
11:58 PM
29.1.2019 TUE