" ကျယ်ဝူကျွင်း!! "
မြက်ခြောက်ရိုးတစ်ခုကိုက်ပြီး ကလေးတသိုက်နဲ့ ကူစူးတခွင် ပတ်နေတဲ့ ဝေ့ဝူရှင်းက လက်ဖက်ရည်သောက်နေတဲ့ လန်ရှီးချန်ကို မြင်တော့ ဝမ်းသာအားရ အော်နှုတ်ဆက်တယ်။
သူ့နောက်က လိုက်နေတဲ့ ကလေးတသိုက်ဟာလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့ဂိုဏ်းချုပ်ကိုမြင်တော့ ဝေ့ဝူရှင်းကို ကျော်ချချန်ရစ်လို့ ပျော်ရွှင်မြူးထူးစွာ ခပ်သွက်သွက် လျှောက်သွားကြတယ်။
ကလေးတွေနဲ့ အပြိုင် မပြေးရုံတမယ် လျှောက်လာတဲ့ ဝေ့ဝူရှင်းအတွက် လက်ဖက်ရည်တစ်ခွက် အသာငှဲ့ပေးနေရင်း လန်ရှီးချန်က ဆိုသည်။
"ဝေ့သခင်လေး… ထိုင်ပါဦး။ လက်ဖက်ရည် သုံးဆောင်ပါ။ "
မြက်ခြောက်ရိုးကို စားပွဲပေါ်ချကာ ဒူးတစ်ဖက်ပေါ် လက်တင်ထားလျက် ထိုင်နေတဲ့ ဝေ့ဝူရှင်းအတွက် ငှဲ့ပေးထားတဲ့ လက်ဖက်ရည်ခွက်ကို လန်ရှီးချန်က ညင်သာစွာချပေးလိုက်သည်။
စောနက ဆူညံတွတ်ထိုးနေကြတဲ့ စာပတီးတစ်သိုက်ဟာဆိုရင်ဖြင့် ကျယ်ဝူကျွင်း နောက်တော်ပါးမှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေလို တည်ငြိမ်ခြင်းကြီးစွာဖြင့် အစီအရီရပ်နေကြသည်။စားပွဲပေါ်က မဲနက်တောက်ပြောင်နေတဲ့ လုံးဝန်းလှပတဲ့ လက်ဖက်ရည်ပန်းကန်လုံးလေးကို ဝေ့ဝူရှင်း ဆွဲယူမော့လိုက်တော့ င်္အကျီလက်အနားစ ကို လက်တစ်ဖက်နဲ့ ကိုင်ထိန်းထားရင်း လက်ဖက်ရည်ကို က္ကနြေ္ဒရစွာ တငုံချင်းသောက်နေတဲ့ လန်ရှီးချန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးသွားသည်။
" မတွေ့တာ ကြာပြီ ကျယ်ဝူကျွင်း "
" ဟုတ်ပါရဲ့… ဝေ့သခင်လေး။ "
တစုံတခုကို သတိရသွားသလို ဝေ့ဝူရှင်းက လှစ်ခနဲပြုံးလိုက်ကာ စကားဆိုသည်။
" ကျယ်ဝူကျွင်း ဒီတခါ ချင့်ကောမြို့မှာ သိုင်းလောက ခေါင်းဆောင်တွေ စုဝေးဆွေးနွေးကြတာ ခင်ဗျားသွားမှာလား? "
" ဝေ့သခင်လေး အပြင်သွားချင်လို့လား? "
အမေးတခြား အဖြေတခြား ဆိုပေမယ့် စိတ်မရှိမိ။ ဝေ့ဝူရှင်း လိုချင်တာလည်း အဖြေမှ မဟုတ်တာ!