Happy Meng Yao Day!!!

7.7K 300 6
                                    

" သား မျက်လုံးမှိတ်ထားဦးနော် ဖွင့်မလာနဲ့!!"

" အမေ အခု သားတို့ ဘယ်သွားနေတာလဲ? "

" ခဏနေရောက်တော့မှာပါ သားရဲ့ သတိထားလျှောက်ဦး!
ရှေ့မှာ လှေကားရှိတယ်…သား နှစ်ထစ်နော်!

အင်း… ဟုတ်ပြီ!! လေးငါးလှမ်းလောက်ဆို ရောက်ပြီ "

" ရောက်ပြီ သား… မျက်လုံးဖွင့်တော့ "

မားရဲ့လက်တွေဖယ်သွားတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော် လာနေကျနေရာလေး… 

နေရာအနှံ့ မေလ်ပယ်ရွက်တွေ ရဲရဲနီတောက်နေတဲ့ ဒီနေရာလေး… အရမ်း စိတ်တက်ကြွဖွယ်ကောင်းတယ်လို့ ခံစားရတာမို့ ကျွန်တော် ခဏခဏ လာလေ့ရှိခဲ့တာ…
တဆိတ်… မား ဘယ်လို သိသွားပါလိမ့်!!

" လာ သားစား "

ကျွန်တော် ငေးကောင်းနေတာနဲ့ မားက ခေါက်ဆွဲပူပူတွေ သယ်လာကုန်ပြီ!! မားလက်ထဲက ပူပူလောင်လောင်တွေ သွားသယ်ကူတော့ မားက ပြုံးသည်။

" မားဘာသာ သယ်လည်းရပါတယ် သားရယ် …"

ကြည့်ပါဦး… မား ချွေးတွေအများကြီး ထွက်နေပါလား!! နဖူးထက်က ချွေးစလေးတွေကို ကျွန်တော့ င်္အကျီလက်နဲ့ သုတ်ပေးတော့ မားက အသာတွန်းဖယ်သည်။

" မြန်မြန်စားတော့ သားရယ်… ခေါက်ဆွဲတွေ အေးကုန်တော့မယ် " တဲ့

  ခေါက်ဆွဲတောင် မမြင်နိုင်လောက်တော့အောင်ကို ကျွန်တော့် ပန်းကန်ထဲမှာ အသားတွေဖွေးလို့။ ကြားထဲ မားက သူ့ပန်းကန်ထဲက အသားတွေ လာလာထည့်သေး။ အသားဆို မားရောကျွန်တော်ရောက ဂဏန်းသား အရမ်းကြိုက်ကြတာမို့ ခေါက်ဆွဲစားတိုင်း ဂဏန်းသားနဲ့စားဖြစ်ကြတယ်။
ဒီနေ့ကျမှ စားရတာ မြိန်လိုက်တာ။။။

************   *************

" ဒီနေရာ ကို ဘယ်လို သိတာလဲ မား? "

" မား သားလေး ဘယ်ကို သွားလေ့ရှိတယ်ဆိုတာ မား မသိဘဲ ရှိပါ့မလား? "

" မား ဒီနေရာလေးကို သဘောကျလား? "

" ဒီနေရာလေးကို မား အရင်က အမြဲရောက်တယ်။ ဒီနေရာလေးလာရတာ အရမ်းစိတ်အေးချမ်းတာပဲ! "

" မား ကျွန်တော် ခဏလောက် အိပ်လို့ရမလား?"

သူမရဲ့နံဘေးမှာ ကျွန်တော့်ကို လှဲစေရင်း ခေါင်းကို ဖွဖွလေးပွတ်သပ်ပေးကာ မားကပြောတယ်။

" အိပ်လေ…သား မား စောင့်နေပေးမယ်။ မား ပေါင်ပေါ်ခေါင်းတင်ထားပြီး အိပ်ပါလား?? လက်မောင်းကို အုံးအိပ်ရင် လက်မောင်းနာနေမှာပေါ့ "

" ဟင့်အင်း မား ကျွန်တော် အကြာကြီးအိပ်ပျော်သွားရင် မား နာနေမှာပေါ့။  ဒီလိုလေးပဲ မား ဘေးမှာ အိပ်ချင်တယ်။ "

" ဟုတ်ပြီ။ သားလေး… အိပ်တော့နော်။ မားရှိတယ်… သားဘေးမှာ မား ရှိနေပေးတယ်။ "

နဖူးထိပ်က ဆံစတွေကြားထဲမှာ ဖြေးညှင်းစွာ ပွတ်သပ်ပေးနေတဲ့ မားရဲ့ လက်ချောင်းလေးတွေဆီက ခပ်အေးအေး အထိအတွေ့လေး… မားရဲ့ ကိုယ်သင်းနံ့သင်းသင်းလေး… နွေဦးရဲ့ အငွေ့အသက်လေးတွေ ပျော်ဝင်နေတဲ့ နေဆာနွေးနွေးလေး တွေကြောင့် ကျွန်တော် အိပ်မောကျခဲ့ပါတယ်… အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်ပေါ့.…

**************   *************

        
  မြောက်ပြန်လေရဲ့ တိုးခွေ့ပွေ့ဖက်မှုက အပြင်းစား။ လေအဝှေ့မှာ ခပ်ကြမ်းကြမ်းအချစ်ခံလိုက်ရတဲ့  ရော်ရွက်ဝါလေးများကတော့ မြေပြင်ကို အပြေးအလွှား ကြင်နာကြသည်။

မျက်နှာပေါ်ကို တဖြုတ်ဖြုတ်ကြွေကျလာသော သစ်ရွက်များကြောင့် မုန့်ယောင် နိုးလာရသည်။ အိပ်မက်တစ်ခုလို့ ထင်မှတ်ချင်စရာမရှိအောင်ကို
ဘေးနေရာလေးက နွေးနေဆဲပါလား…

ပါးပြင်ပေါ်က စိုစွတ်နေဆဲ မျက်ရည်စတွေကို လက်ဝါးနှင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ မေလ်ပယ်ရွက်တွေနှင့် ရဲရဲနီနေသော လမ်းလေးကို ခေတ္တမျှ ထိုင်ကြည့်နေလိုက်ပြီး မုန့်ယောင်ထလိုက်သည်။

*** မွေးနေ့မှာ အိပ်မက်လှလှမက်တာပါလား ***

*** မွေးနေ့မှာ အိပ်မက်လှလှမက်တာပါလား ***

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Happpy Meng Yao Day !!!

ဟေးးး ယူတို့ ကိုယ်ကလေ rotten Faကြီးဆိုတော့ မroတတ်ဘူး wangxian ကို ro ချင်နေတာ တနေ့လုံးtypeလိုက် ဖျက်လိုက်နဲ့ စာလုံးရေ 600ကျော်နေပြီ မroသေးလို့ :'( ဘယ်လိုလုပ်ရပါ့!!

Mo Dao Zu Shi ဝတ္တုတိုများWhere stories live. Discover now