Screenပေါ်မှာ ပေါ်လာတဲ့ noti ကြောင့် ဝေ့ဝူရှင်း ဖုန်းကိုယူကြည့်လိုက်တော့ alertတခု ။
" ရှီးချန်ကောနဲ့ ကျန်းချန် ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ "
" ဟင် … မနက်ဖြန်ဆို ရှီးချန်ကောတို့ မင်္ဂလာဆောင်တာ တစ်နှစ်ပြည့်ပြီတဲ့လား!! " ဖုန်းကို ဘေးချကာ အတွေးနွံထဲ ဝေ့ဝူရှင်း နှစ်မြှုပ်သွားသည်။
အချိန်တွေကုန်တာ အရမ်း မြန်လိုက်တာ! ဘယ်ညာလှည့်ရင်း ဘာလိုလို ညာလိုလိုနဲ့ တစ်နှစ်တဲ့!!! ပြီးတော့လည်း သူတို့မင်္ဂလာဆောင်နေ့က မနေ့တနေ့ကလိုပဲ…
အူနာအောင် ရီခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အထင်အရှားမှတ်မိနေတုန်းပဲ!!ဝေ့ဝူရှင်းပေးတဲ့ လက်ဖွဲ့ကြောင့် ကျန်းချန် ဒေါသထွက်ပြီး ပေါက်ကွဲသွားတာ ရှီးချန် တောင် ချော့လို့မနိုင်ဘူး… အဲ့နေ့က အဲ့လိုနဲ့ပဲ လေယာဉ်ချိန်နောက်ကျသွားလို့ ကြင်စဦးမောင်နှံခမျာ ဟန်နီးမွန်းတောင် မသွားလိုက်ရရှာဘူး :')
လက်ဖွဲ့ ဆိုမှပဲ မနက်ဖြန် လက်ဆောင် လေးတော့ ပေးရမယ်! အပြောင်အပျက်မျိုး မဟုတ်ပဲ နှစ်ယောက်လုံး သဘောကျနိုင်မယ့် ကောင်းကောင်းမွန်မွန်လေး တခုခုပေါ့…
" လန်ကျန့် သွားမေးရမလား ??? သူက ငါ့ထက် ပိုကောင်းတာ စဉ်းစားတတ်မယ် ထင်တာပဲ!"
" လန်ကျန့်……… "
ပြောချင်ဇောနဲ့ တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်လိုက်ပြီးမှ ဝေ့ဝူရှင်းတယောက် ပြောမယ့်စကားတွေပျောက်ကာ နေရာမှာ ငုတ်တုပ်မေ့နေသည်။ ဆုံလည် ကုလားထိုင်ပေါ်မှာ အကျအနထိုင်ကာ ကွန်ပျူတာရှေ့ စာရိုက်နေတဲ့ တယောက်သောသူကြောင့် ။ ။ ။
တံခါးကို အသံမမြည်စေရန် သတိထားပြီး သေချာစေ့ကာ အနားကို တိုးကပ်သွားသည်အထိ ဝေ့ဝူရှင်းကို အာရုံမရနိုင်သေးသော သူ။ ပယင်းဖျော့ရောင် မျက်ဝန်းသေတို့က screenပေါ်မှာ အသေအချာ စူးစိုက်ဈာန်ဝင်လျက်။
ရှည်လျားလှတဲ့အရပ်ကြီးကိုမှ ဖြောင့်မတ်တဲ့ ကိုယ်နေဟန်ထားကြောင့် ထိုင်နေတာတောင် ကြည့်ကောင်းနေသေး ။ ပါးလျတဲ့ အဖြူရောင် ရှပ်င်္အကျီလေးအောက်က လန်ဝမ့်ကျီးရဲ့ တောင့်တင်းတဲ့ ရင်အုပ်ကြွက်သားတွေက အထင်းသား။ င်္အကျီလက်ကို တံတောင်ထိ ခေါက်တင်ထားတာမို့ လှုပ်ရှားလိုက်တိုင်း ထောင်တက်လာတဲ့ သွေးကြောစိမ်းစိမ်းလေးများက အသက်ရှုမှားဖွယ်အတိ ။