Here's to Wang Xian Fanfic Part-2
I'm really sorry for late update!
Enjoy it!ဝေ့ဝူရှင်း အခန်းတံခါးကို ဖြေးညှင်းစွာ တွန်းဖွင့်ဝင်လိုက်တော့ လန်ဝမ့်ကျီးက စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်ရှုနေသည့်ဟန်။
သို့သော် အနှီစာအုပ်ကိုင် လက်တစုံမှာ အလွန်အမင်းအားပြု ထိန်းကိုင်ထားခြင်းဖြစ်ကြောင်း ပါးလျဖြူဖျော့သော လက်ဖမိုးသားနုနုလေးပေါ်မှ အပြိုင်းပြိုင်းထလျက်ရှိသော စိမ်းဖန့်ဖန့်သွေးကြောမျှင်လေးများက သိသာထင်ရှားစွာ။
အမြဲတစေတည်လေ့ရှိသည့် မျက်နှာတော်က ခါတိုင်းအချိန်များထက် တင်းမာလျက်။ မျက်ခုံးနှစ်သွယ် မှိုင်းညှို့လို့ထားသည်မှာ ထိစပ်တော့မည်ဟန် ။ ခပ်တင်းတင်းစေ့ဖိထားသည့် နှုတ်ခမ်းနှစ်လွှာကြောင့် မေးရိုးထင်းထင်း က အထင်အရှား ပေါ်လွင်နေလျက်။
အဝေးကနေပင် နားထင်နှင့် နားသယ်စပ်ရှိ သွေးကြောစိမ်းများ ထောင်လျက်ရှိသည်ကို တွေ့ရလေသောအခါ ဝေ့ဝူရှင်း အနည်းငယ် တွန့်သွားမိသည်။ သို့သော် ဟန်ကိုယ်ဖို့ရင်း လန်ဝမ့်ကျီး အနီးသို့သွားကာ ဆူဆူညံညံပြုရင်း အနှောင့်အယှက်ပေးရန် ကြိုးစားလိုက်သည်။
" အယ်~ ဟန်ကွမ်းကျွင်း ဒါက မင်း စိတ်ကောက်နေတာပေါ့လေ!"
" "
" လန်အော့ကောကော က ဟောဒီက ငါလေးကို စိတ်ကောက်နေတာလား? "
အနားတွင် ပူးပူးကပ်ကပ်လာထိုင်ကာ နဖူးစည်းကြိုးစအား ဝေ့ဝူရှင်းက လက်ညှိုးတွင် ရစ်ပတ်ဆော့ကစားနေခြင်းကို လန်ဝမ့်ကျီးက ခွင့်ပြုထားသည်။
" တစ်မိုးအောက်တစ်ယောက် ဟန်ကွမ်းကျွင်းကြီးက စိတ်ကောက်နေတာတဲ့! နှမြောစရာပဲ!နှမြောလိုက်တာ!! မင်းတို့ဂိုဏ်းက ကလေးတွေက မင်းရဲ့ ဒီစိတ်ကောက်နေတဲ့ပုံစံကို မြင်ခွင့်မရရှာဘူး!"
ဝေ့ဝူရှင်းသည် လန်ဝမ့်ကျီးအား မှီချပစ်လိုက်ပြီး နဖူးစည်းကြိုးစအား သူပိုင်ပစ္စည်းကဲ့သို့ သဘောထားကာ ရစ်ပတ်လိမ်ကျစ်နေသည်။
" လန်ကျန့်ရေ… လန်ကျန့် မင်းလေး ငါ့ကို စကားပြန်မပြောတော့ဘူးလား? မင်း စကားနားမထောင်လို့ ငါ့ကို အပြစ်ပေးတာပေါ့လေ?! "