နေ့လည်မို့ လူကျနေတဲ့ ဟိုတယ်ထမင်းစားခန်းထဲမှာ အားပါးတရ ပြသနာရှာသောင်းကျန်းနေတဲ့ ကောင်လေးကြောင့် ရှီးချန် ပြုံးကြည့်နေမိသည်။ လက်နှစ်ဖက်လုံးမှာ ဟင်းပွဲသယ်လာတဲ့ ဝိတ်တာလေးကို သူကပဲ တမင်ကြီး တည့်တည့်ဝင်တိုးပြီး ပြသနာရှာနေတဲ့ ကျန်းမျိုးနွယ်က မြွေဟောက်အသေးလေး။အသံဆူဆူကြောင့် စူးစမ်းချင်တဲ့မျက်လုံးပေါင်းများစွာ...
တီးတိုးဆိုနေကြတဲ့ ဝေဖန်သံတွေကြား သူ့အမှားမဟုတ်တာတောင် ပျာပျာသလဲတောင်းပန်နေတဲ့ ဝိတ်တာလေးက တစထက်တစ မျက်နှာပျက်ယွင်းလာသည်။
အပြေးလေးရောက်လာတဲ့ မန်နေဂျာကလည်း ဒူးထောက်တော့မတတ် တောင်းပန်နေရှာသည်။ ပြေပြေလည်လည် ဖြေရှင်းပေးနေမယ့် မကျေနပ်နိုင်သေးသူက ကျန်းမျိုးနွယ်လေး...
တောင်းပန်နေလေလေ သူက ပိုတင်းနေလေလေအခြေအနေမဟန်တော့တာမို့ ရှီးချန် ချောင်းတချက်ဟန့်ကာ တားလိုက်သည်။ ကျန်းမျိုးနွယ်လေးက ငြိမ်ကျသွားပေမယ့် မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေနဲ့ ဘေးကလူတွေကို လိုက်ကြည့်နေသည်...
တိုးတိုးကြိတ်ကြိတ်လေသံတွေကအစ ရှဲသွားတော့မှ
ရှီးချန်ဘက်ကို လှည့်ငေါက်သည်။" ဘာရပ်လုပ်နေတာလဲ!! သွားကြမယ်... "
ကားပေါ်ရောက်တဲ့ထိ ရှုးရှုးရှားရှားဖြစ်နေဆဲ ကလေးလေးက ဒေါသပြေသေးပုံမပေါ်။ လမ်းတလျှောက်လုံးလည်း အပြင်ကို ငေးနေကာ ဘာဆိုဘာမှမပြော။
အရမ်းတိတ်နေတော့ ရှီးချန်တောင် အနေရခက်လာသလို။ ကောင်းသော တိတ်ဆိတ်ခြင်းမှ မဟုတ်တာ :') သူ့ပုံစံက အပြင်းအထန်ပေါက်ကွဲပစ်လိုက်ဖို့ လောလောဆယ် အားအင်ချွေတာနေတယ်ဆိုတာမျိုး ...
ဒေါသဖြစ်ရတဲ့ အကြောင်းရင်းလား?? မရှိဘယ်နေပါ့မလဲ!
တကယ်က ရှီးချန်ရယ် သူရယ်က ဝမ့်ကျီးနဲ့ ဝေ့ရင်းကြောင့် ဘာလီ ကိုရောက်နေတာ။ အလည်ခရီးဆိုပြီး ဇွတ်အတင်းခေါ်လို့ လေးယောက်တူတူလာခဲ့ကြတာကို ဟိုနှစ်ယောက်က " ငါတို့ပြန်နှင့်ပြီ " လို့ မက်ဆေ့ခ်ျတစောင်လေး ပို့ပြီး ညတည်းက ဆိုင်းမဆင့်ဗုံမဆင့်ပြန်သွားကြတာရယ်... သူက မနက်မှသိရတော့ အကြီးအကျယ်ပေါက်ကွဲ နေတော့တာ