WangXian Fanfic

10.2K 598 17
                                    

It's been 1k viewers already!!!
Love ya so so much
Here's my little present to you all…
ဒါနဲ့ ဒါလေးက Vdayနေ့မတိုင်ခင်ကရင်း ရေးထားတာပါ ခုမှ အပြီးသတ်လိုက်ရလို့xD
ညံ့ဖျင်းတဲ့ အရေးအသားအတွက် တောင်းပန်မိပါတယ် …


" လန်စစ်ကျွေး … မင်း  အဲ့မှာရပ်! "

အသံအနိမ့်အမြင့်မရှိတဲ့ မတိုးမကျယ်အမိန့်ပေးသံတခုက ခပ်လှမ်းလှမ်းမှ တိတိပပထွက်ပေါ်လာသည်။ အသံရှင်သည်က ကျင်းလင်။ စစ်ကျွေးလှည့်နှုတ်ဆက်တော့ ကျင်းလင်က ဖြည်းညှင်းစွာလျှောက်လာကာ သူ့ဝတ်ရုံအောက်တွင် ဖွက်ထားသော တစုံတရာကို ထုတ်ယူလိုက်ပြီး လှမ်းပေးသည်။
ရွှေရောင်တလက်လက်တောက်ပစွာ လှလှပပ ထုပ်ပိုးရစ်ပတ်ထားသည့် အရာတစ်ခု။

" ကျင်းသခင်လေး ဒါက… "

"  လန်လင့်ကနေ ဒီလာတော့ လမ်းမှာ ဈေးသည်တယောက် အတင်းလာရောင်းနေတာနဲ့ဝယ်လာရတာ! အနောက်တိုင်းက စားစရာတမျိုးလို့ ပြောတာပဲ! ခါးဆိမ့်ဆိမ့် အရသာရှိတယ်ဆိုလား!! ငါ မစားချင်လို့ မင်း စားချင်စား …  ရော့!! "

" ကျင်းသခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ စစ်ကျွေး ကောင်းကောင်းစားပါ့မယ်။ "   လက်ထဲသို့ ဇွတ်အတင်းထိုးထည့်ပေးသော " စားစရာ "ဆိုသည်ကို ယူကာ စစ်ကျွေး ကျေးဇူးတင်စကားဆိုလိုက်သည်။

ကျင်းလင်က မျက်နှာရဲရဲအား တဖက်လှည့်ကာ ဖွက်ထားလိုက်ပြီး ကျေးဇူးတင်ရန်မလိုကြောင်းပြောကာ အဆောတလျင်ထွက်သွားတော့သည်။

ကျင်းသခင်လေးသည် စေတနာရှိ၍ ဝယ်လာပေးသည်မှန်သော်ငြား တကယ်တမ်းပေးလျှင် မာနခံကာ စကားကောင်းကောင်းမွန်မွန် ပြောမည်မဟုတ်သည်ကို သိသောကြောင့် ကျေးဇူးတင်စကားသာ ဆိုလိုက်သည်။ ကျင်းလင်ပေးသည့် အဖိုးထိုက်လှစွာသော မုန့်အား တယုတယသိမ်းဆည်းကာ မိမိလည်း ကြုံကြိုက်လျှင် ကျင်းသခင်လေးအတွက် တခုခုလက်ဆောင်ပြန်ပေးရန် တွေးတောနေလိုက်သည်။

***********************************

  စစ်ကျွေးနှင့်ကျင်းရီ လန်ဂိုဏ်းချုပ်အားဝေရာဝစ္စပြုရင်း စီချွမ်သို့ ခေတ္တရောက်ရှိနေသည်။ တခြားမြို့မှ ရောက်ရှိလာမည့် ဟန်ကွမ်းကျွင်းနှင့် ကူစူးသို့ အတူပြန်ကြမည်ဖြစ်သောကြောင့် ဟန်ကွမ်းကျွင်းအား ခရီးဦးကြိုပြုရန် စောင့်ဆိုင်းနေကြရသည်။

Mo Dao Zu Shi ဝတ္တုတိုများTahanan ng mga kuwento. Tumuklas ngayon