" ငါ မင်းကို ယုံကြည်သင့်ရဲ့လား?? "
" ဒါက နောင်တော်ရဲ့ရွေးချယ်မှုပါ။ ကျွန်တော့်ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အကိုနှစ်လည်း ဘာမှမတတ်နိုင်ပါဘူး "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" လန်ရှီးချန်!!! ဒီဘဝမှာ ကျတော် မရေမတွက်နိုင်အောင် လိမ်ခဲ့ဖူးတယ်… မရေမတွက်နိုင်အောင် လူသတ်ခဲ့ဖူးတယ်။ ခင်များပြောသလိုပဲ…ကျတော့်ရဲ့ အဖေရော ဇနီးရော သားရော ဆရာရော သူငယ်ချင်းတွေကိုရော သတ်ခဲ့တယ်!!
လောကထဲ က မကောင်းမှုတွေအားလုံးထဲမှာ ကျွန်တော် မလုပ်ခဲ့တာ ဘာရှိဦးမလဲ!?? ဒါပေမယ့် ခင်များကို ထိခိုက်စေဖို့ကိုတော့ ကျတော်ဘယ်တုန်းကမှမတွေးဖူးဘူး "~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးမြေကိုတိုင်တည်ပြီး သွေးသောက်ရယ်လို့ သစ္စာဆိုခဲ့ဖူးကြတယ်…
အပြန်အလှန်ထားရှိခဲ့ကြတဲ့ သစ္စာတရားကို အာဏာအတွက်နဲ့ မင်း လျစ်လျူရှုခဲ့သည်ပဲ။မင်းအပေါ်ထားခဲ့တဲ့ ယုံကြည်မှုကို ချိုးဖျက်ချနင်းသွားပြီးတော့မှ .…
မင်းကို မယုံကြည်ပေးခဲ့လို နာကြဉ်းခဲ့ပြန်တယ်။မင်းကပြောတယ်…
" မင်းကို ထိခိုက်စေဖို့ မတွေးဖူးဘူး " တဲ့
အဆုံးသတ်မှာ မင်းကြောင့် ငါနာကျင်ရစ်ခဲ့မှာ သိသိကြီးနဲ့ …မင်းကိုယ်ပေါ်မှာ စွဲနစ်ဝင်နေတဲ့ ရှိုးယွဲ့ကို အံ့သြတကြီးငုံ့ကြည့်ရင်း မင်းမျက်ဝန်းထဲက ထိတ်လန့်မှုတွေကို ငါမြင်နေရတယ်…
ငါ့ကို အပြစ်မတင်ပါနဲ့… အားယောင်
ငါ မင်းကို ယုံကြည်ပေးခဲ့တယ်
ငါ မင်းကို ကာကွယ်ပေးခဲ့တယ်
ငါ မင်းဘက်မှာ ရပ်တည်ပေးခဲ့တယ်…
မင်းကတော့…
" ငါ အသုံးမကျခဲ့ဘူး။ ငါ မကာကွယ်ပေးနိုင်ခဲ့ဘူး "ဆိုတဲ့ အတွေးတွေနဲ့ ငါ့ကို အကြိမ်ကြိမ်သေစေခဲ့တယ် ။
့
cmtတွေreplyပြန်လို့မရလို့ပါ :3