Part 4

1.6K 95 3
                                    


မုန်းပါနဲ့ဦး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မုန်းပါနဲ့ဦး

အပိုင်း (၄)

#မုန်းပါနဲ့ဦး

"အေ့..."

မျိုးချစ် ခြံရှေ့က ရေမြောင်းလေးကို သတိထားငုံ့ကြည့်ပြီး ခြံတံခါးကို တွန်းဖွင့်ခါ ၀င်လာခဲ့လိုက်သည်..။

မကျေမနပ်ဖြစ်နေတဲ့ စိတ်တွေ ထွက်ပေါက်ရသွားအောင် ငွေကြေးပေးပြီး ဆေးလာခဲ့ရသည်..။

ဒါပေမဲ့ စိတ်ထဲက ဖြစ်နေတဲ့ ပြဿနာတွေက အိမ်ရှေ့ရောက်တာနဲ့ ပြန်ပေါက်ဖွားလာတော့သည်..။

"ဟေ့...တံခါးဖွင့်စမ်း.."

မျိုးချစ် အသံခပ်စပ်စပ် ဖြင့် အော်လိုက်တော့ မာကျုရီ မီးရောင်အောက်မှာ ထွက်လာပြီး တံခါးကို ဖွင့်ပေးသည်..။

လူက မူးနေပေမဲ့ သနပ်ခါး ဖွေးဖွေး ပေါ်မှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတာကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်.။

"ထမင်းပွဲ အဆင့်သင့််..."

"ခင်ဗျားကို ဘယ်သူက နှိပ်စက်နေလို့ ငိုကြွေးနေတာလည်း ဟမ်...."

"....."

"ဘာလည်း...ခင်ဗျား အဖေကို မကျွေးနိုင် မပေးနိုင် ဖြစ်နေလို့ ဒီလို လင်မျိုး ယူတာ မှားပြီ လို့ နောင်တရနေတာလား..."

"အိုး..မဟုတ်ဘူး.."

"ကျုပ် သွားခိုင်းတယ်...ခင်ဗျားဟာ့ ခင်ဗျား မသွားတာ...အခုတော့ ကျုပ်ကပဲ လူကြမ်းကြီးပေါ့လေ..."

"ရှင် အိပ်ဖို့ အိပ်ယာ ပြင်ထားတယ်...အိပ်လိုက်ပါ.."

မျက်ရည်တွေကို လက်ခုံနဲ့ ဖိဆွဲသုတ်ပြီး အသံထိန်းပြောနေတဲ့ စကားသံက နားထဲမှာ ပူလောင်စပ်ခါး သွားရသည်..။

မုန်းပါနဲ့ဦး (Complete)Where stories live. Discover now