Part 26

1.3K 87 3
                                    


မုန်းပါနဲ့ဦး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မုန်းပါနဲ့ဦး

အပိုင်း (၂၆)

#မုန်းပါနဲ့ဦး

"ဦးဒီက.."

"ဟင်.."

"အရမ်းအေးနေပြီလား.."

"ရပါတယ်...အနွေးထည် ၀တ်ထားတာပဲ.."

"ဆိုင်ကယ်နဲ့ဆိုတော့ ပိုအေးတာပေါ့...အချစ် အနားကို ကပ်နေ.."

"ကပ်လွန်းလို့ ရေမချိုး အ၀တ်အစားမလဲတဲ့ မင်းကိုယ်က အနံ့လေးတွေကြောင့် မူးချင်နေပြီ..."

"အချစ်က အ၀တ်အစားမပါလာလို့ပါ.."

"တစ်ခါတည်း ၀ယ်လေ..."

"မ၀ယ်တော့ဘူး တော်ကြာ ရေချိုးနေရဦးမယ်.."

'ညစ်ပတ်အိုးလေး.."

ဒီပါ ပြောလိုက်တာ မခံချင်စိတ်ကြောင့် ဆိုင်ကယ်ကို အရှိန်တင်လိုက်တော့ လန့်ဖြတ်ပြီး သူ့ခါးကိုတင်းခနဲ့ ဖြစ်အောင် ဖက်မိသွားတော့သည်..။

ဒီက အသည်းယားပြီး ကြောက်နေရပေမဲ့ သူကတော့ တခစ်ခစ် နဲ့ သဘောကျပြီး ကြိတ်ရယ်နေတာ မပြီးနိုင်သေး...။

"ရှီး.အေးလိုက်တာ.."

"တောင်ပေါ်ရောက်ရင် ပိုအေးမှာ..ဒါပေမဲ့ နေ၀င်ရင် အရမ်းလှတယ်..ဟိုဘက်က ပင့်ကူတောင်ဆို ...အပေါ်ရောက်ရင် ပိုလှတယ်..တောင်နေကြာတွေ ပွင့်ချိန် ၁၁လပိုင်းလောက်ဆိုရင် တစ်တောင်လုံး ၀ါထိန်ပြီး လှနေရော...ရွှေတောင်ကြီးလိုပဲသိလား .."

"အင်း..."

သူ ပြောပြနေတဲ့ တောင်ဘက်ကို တစ်ချက်ကြည့်ပြီး ပိုမြင့်လို့ တော်တော် တက်ယူရမယ် ဆိုတာတော့ သိပါသည်..။

ပန်းတွေ မတွေ့တာတောင် ဒီပါ မျက်လုံးထဲ တော်တော်လေး လှနေပါပြီ...။

မုန်းပါနဲ့ဦး (Complete)Where stories live. Discover now