မုန်းပါနဲ့ဦး
အပိုင်း (၂၀)
#မုန်းပါနဲ့ဦး
"ဘာဖြစ်လို့လည်း.."
"ကြောက်လို့..."
အချစ် မရဲတရဲ ပြောလိုက်ပြီးမှ ဦးဒီက မျက်နှာကြောင့် ပြောမိတာ နောင်တ ရသည်..။
ဦးဒီက က အချစ်ဆိုရင် အထင်အမြင်သေးသလို အမြဲ ဆူဖို့လောက်ပဲ တက်တာ ...
ကိုကို့ လိုမျိုး ကြင်နာယုယ ပေးမှာ မဟုတ်ဘူးဆိုတာ သိနေသည်.။
"ဟိုး....ကို ကြည့်လိုက်စမ်း...ငါ တို့ အိမ် ဘယ်နားမှာလို့ မင်းထင်လည်း.."
"မသိဘူးလေ...အားလုံး ပုရွက်ဆိတ် အရွယ်လေးတွေ ဖြစ်နေပြီ..."
"အဟွင်း...ဟုတ်တယ်နော်....အမြင့်က ကြည့်ရတာ ကြိုက်လား..."
"ကြိုက်တော့ ကြိုက်ပါတယ်..."
"မင်း စကားကလည်းကွာ..."
ဦးဒီက က မျက်ခုံးတွန့်ပြီး ပြောနေပေမဲ့ အချစ်ကလည်း ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့ စိတ်ညစ်နေရသည်..။
ဒီလို လူကြီးနဲ့ လိုက်လာမိတာကို နောင်တရချင်လာပြီ..။
ကိုကို နဲ့ ခရီးသွားရတာ ပျော်ဖို့ကောင်းသလောက် ဦးဒီက နဲ့ သွားရတာက စိတ်ရှုပ်ဖို့ကောင်းပြီး အနေအစားလည်း ကြပ်သည်..။
"မင်း..ဘယ်တွေရောက်ဖူးလည်း..."
"ရွှေဘို မိုးကုတ် မန္တလေး ပြင်ဦးလွင် ....အင်း.....ပြီးတော့.......ဒါပဲ ကုန်ပြီ...."
"မန္တလေးမှာ ဘယ်သူရှိလည်း.."
"အဒေါ့် အမျိုးတွေ ရှိတယ်လေ..."
"မင်း အမျိုး မဟုတ်ဘူးပေါ့..."
"မဟုတ်ဘူး...အချစ် ဆယ့်နှစ်နှစ် အရွယ်တုန်းက အဖွား နဲ့ လိုက်သွားတယ်လေ....ခေါ်ထားရမှာ စိုးလို့ ဒါ ဘယ်သူ့သမီးလေးလည်း လို့တောင် မမေးဘူး...အချစ် အမျိုး မဟုတ်ဘူး..."
KAMU SEDANG MEMBACA
မုန်းပါနဲ့ဦး (Complete)
Acak"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...