မုန်းပါနဲ့ဦး
အပိုင်း (၂၄)
#မုန်းပါနဲ့ဦး
"ဦးဒီက ကော်ဖီသောက်လေ.."
'မင်း ဘာမှ မစားခဲ့ဘူးမလား.."
"ဟုတ်.."
"မင်းပဲ သောက် လိုက်ပါ..."
"ဦးဒီက ဗိုက်အောင့်နေတာလေ.."
"နည်းနည်းပါ.."
"မရဘူး သောက်..."
ဒီပါ မျက်နှာအနား အတင်းတိုးကပ်ပေးနေတော့ ခွက်ကို ယူပြီး သောက်လိုက်ချိန် အရှေ့က ဖိုးကောင်းကို သတိရတော့ မျက်နှာတွေ ပူရသည်..။
ကျစ်...အိနြေ္ဒသိက္ခာ တစ်ခွဲသားနဲ့ နေခဲ့တာ အခုတော့ ဒီကောင်မလေးကြောင့် ရစရာကို မရှိတော့ဘူး..။
ဒီပါ မျက်နှာ ခပ်လွဲလွဲ ဖြင့် ကော်ဖီ အေးစက်စက်ကို တစ်လုတ် သောက်လိုက်ပြီး ပါးစပ်နားမှာ ရောက်နေတဲ့ ကိတ်မုန့် တစ်ဖဲ့ကို စားလိုက်ရသည်..။
"မင်းစားပါ..."
"အချစ် ဗိုက်မဆာသေးဘူး...ဦး စားပါ..."
"ငါ ဘယ်လို မြိုကျမလည်း.."
"ဦးဒီက ကလည်း ပိုပြီ...ပဲ သိပ်မများနဲ့နော်..အဖိုး ကြီးဆိုတော့ ကြည့်မကောင်းဘူး.."
"ဟာ...မင်းကလေ..."
"ပဲများတာ မဟုတ်ဘူး ပန်းအချစ်ဦးရေ...အကို က အဲလိုပဲ ...အိမ်မှာဆိုရင်လည်း ကြီးကြီး တို့ မစားရသေးရင်တောင် ဆူနေတာပဲ.."
"ဟုတ်လား...အချစ်ပြောသားပဲ ဦးဒီက က လူကောင်းပါလို့.."
"အခုပဲ မင်းပြောတော့ ဒီက ပဲများနေတာဆို.."
"ဟဲ..ဟဲ...စလိုက်တာပါ..မုန့်စားလိုက်နော်...ဦးဒီက တစ်ခုခု ဖြစ်ရင် အချစ် ပူဆာစရာ လူမရှိ ဖြစ်သွားမှာပေါ့.."
YOU ARE READING
မုန်းပါနဲ့ဦး (Complete)
Random"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...