Part 16

1.1K 70 0
                                    


မုန်းပါနဲ့ဦး

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

မုန်းပါနဲ့ဦး

အပိုင်း (၁၆)

#မုန်းပါနဲ့ဦး

"ဟိတ်..."

ဒီပါ အအေးခန်း က လချုပ် စာရင်းတွေကို စစ်နေတုန်း နောက်ကနေ ပခုံးရိုက်ပြီး ခေါ်လိုက်တာ ရူပါမှန်း သိတော့ ပြုံးလိုက်မိသည်..။

"ပြန်လာပြီလား.."

"အင်း...မာမီ ဆီ တစ်ခါသွားရတာ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ကိုကိုရာ..."

ဒီပါ့ရှေ့က ခုံမှာ ၀င်ထိုင်လိုက်ပြီး မျက်နှာ ရှုံ့မဲ့ ရင်း ပြောတော့ စိုးရိမ်မိသည်..။

"ဘာဖြစ်လို့လည်း.."

"ကြာကြာ မနေလို့တဲ့လေ...ညီက အလုပ်ကိစ္စ နဲ့ သွားရင်း လမ်းကြုံ ၀င်ရတာ..."

"အင်း..အိအိ နေမကောင်းဘူးဆို.."

"ဟုတ်တယ်...ဆရာဝန်လည်း မပြချင်ဘူး..ကောင်းသွားမယ်ပဲ ပြောနေတယ်..."

"သူက ဆရာဝန်ပဲ သူ့ ကိုယ်သူ ပိုသိမှာပါ...ညီ...အဲ မင်းကလည်း ဂရုစိုက်ပေါ့..."

"ဟား..ဟား..ဘယ်လို ဖြစ်တာလည်း..မင်းတွေ ဘာတွေ ချနေပါလား.."

"ဒီက..ကျစ်..ငါ့ကို ပြောင်းခိုင်းထားတယ်လေ..."

"ဘယ်သူလည်း..."

"ဖေကြီးနဲ့ ဟိုကောင်မလေး ပေါ့..."

"ဟား...ဟား...ကိုကို့ကို လက်စ်ဆင် ပေးဖို့ အဖိုးက လူယုံ တစ်ယောက်ရပြီ ထင်တယ်.... ကောင်းတယ်.."

"အဟွင်း..ဟုတ်မှာပေါ့...မာမီတို့ နေကောင်းရဲ့လား.."

"ကောင်းတယ်...ကိုကို ဖုန်းမဆက်လို့ စိတ်ဆိုးနေတယ်..."

"မနေ့က ဆက်တယ်လေ..."

"ဟင်..ဟုတ်လား...ဟဲ...ဟဲ....ညာပြောတာပါ...ကိုကို ဖုန်းဆက် တာ ညီမသိဘူ.း..."

မုန်းပါနဲ့ဦး (Complete)Tahanan ng mga kuwento. Tumuklas ngayon