Part 3

1.7K 98 1
                                    


မုန်းပါနဲ့ဦး

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

မုန်းပါနဲ့ဦး

အပိုင်း (၃)

#မုန်းပါနဲ့ဦး

"အကြီးကိုတော့ သားမယူချင်ဘူး အဖေ.."

ညစာ ထမင်းဝိုင်းမှာ အကိုကြီး ထပြောတဲ့ စကားကြောင့် မျိုးချစ်လည်း ထမင်းစားနေရင်း မော့ကြည့်မိသည်..။

အဖေ က မျက်မှောင်ကြုတ်ပြီး လက်ထဲက သောက်ရေခွက်ကို ချခါ

"ဟ..မင်းက အစကတော့ မပြောဘူး..စကားပြောဆိုပြီးမှ ပြောတော့.."

"သားမတွေ့ဖူးတာ ဘယ်လို ပြောရမလည်း..အဖေက ခုတွေ့ ခုယူဖို့ လုပ်တာကိုး.."

ကိုကြီးကလည်း သူ့ဘက်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ဖြင့် စကားလုံးတွေ စီထားတော့ မျိုးချစ် ကြိတ်ပြုံးမိသည်..။

အေးလေ...တစ်ရာ့ငါးဆယ်မ ကို ဘယ်သူက ယူချင်မလည်း...။

မျိုးချစ် လည်း အကိုကြီး လူရိုးလေးကို ဒီမိန်းမလည် နဲ့သိပ်သဘောမတူချင်ပါဘူး..။

"ဘာဖြစ်လို့လည်းကွာ...အကြီးမကလည်း ဗိုင်းကောင်းကျောက်ဖိလေးပါကွ...."

"ကျွန်တော် သဘောမကျဘူး.မယူချင်ဘူး အဖေ..."

အကိုကြီး က ခါးခါးသီးသီး ဖြစ်လာတော့ အဖေက သက်ပြင်းချပြီး ထမင်းတွေကို လက်နဲ့ သိမ်းရင်း

"အဲဒါမှ...ဒုက္ခ..အေးလေ....အကြီးကောင်က အိမ်ထောင်မပြုချင်သေးလို့ ပြောာရမလား..နိုင်ငံခြား ထွက်ဦးမယ်လို့ပဲ ပြောရမလား မသိတော့ပါဘူး...မိဘ၀တ္တရားထဲ ပါနေလို့ စီစဉ်ပေးရတာ..အဲတော့ သားကြိုက်တဲ့ မိန်းကလေး မျိုး တွေ့ရင် ပြောပေါ့.."

"ဟို...ဒါဆို...မျိုးချစ် ကကော လက်ထပ်ချင်နေတာလား.."

"ဗျာ...ဟာ...မလိုချင်ပါဘူး...အဖေက အတင်းလေ..."

မုန်းပါနဲ့ဦး (Complete)Donde viven las historias. Descúbrelo ahora