မုန်းပါနဲ့ဦး
အပိုင်း (၃၁)
#မုန်းပါနဲ့ဦး
"ရွှေခဲ..."
"ဟင်..."
"လာဦး.."
"ဟုတ်..."
ဒီပါ့ စာဖတ်ခန်းရှေ့မှာ ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်း ချောင်းနေတော့ ခေါ်လိုက်ရတော့သည်..။
သင်တန်းမှာ ထူးချွန်ဆုရထားတာ သိလို့ ဘယ်လို ဂုဏ်ပြုပေးရင် ကောင်းမလည်း စဉ်းစားရတာလည်း..ခေါင်းပူနေပါပြီ..။
"လာ..."
ဒီပါ ခေါ်လိုက်မိတော့ ပေါင်ပေါ်က လူစီ့ဖာကို တွန်းချပြီး သူက တက်ထိုင်နေရာလုတော့သည်..။
ကလေးဆိုးမလေးရဲ့ ခေါင်းကို ဖွဖွ ဖိပြီး ဆံပင်နုလေးတွေကို ခိုးပြီး နမ်းလိုက်မိသည်..။
ဆံပင်တိုတာကြောင့်များလား....နေ့တိုင်း ခေါင်းပါထည့်လျှော်နေတော့ သူ့ဆံပင် အိအိလေးတွေက ခေါင်းလျှော်ရည် အနံ့ အမြဲသင်းနေတက်သည်.။
နီးကပ်လွန်းလို့ မော့ကြည့်လိုက်ရင် သွေးကြော မျှင်လေးတွေ အစ မြင်ရသည့် ပါးနုနုလေးကို နမ်းရှိုက်ချင်ပေမဲ့ သည်းခံ မြိုသိပ်ရတာ များလာတော့ ဘယ်အချိန်များ ပေါက်ကွဲထွက်ကုန်မလည်း မသိ..။
"ဘေးမှာထိုင်ပါလားကွာ...မင်းက ကလေးလား.."
"အွင်း.."
"ဆယ်ရှစ်နှစ်က ကလေးပေါ့.."
"ဟိ..မဟုတ်ဘူး...အချစ်လေ..ထူးဆန်းနေတယ်..အရင်က အရာအားလုံးကို ကြမ်းကြမ်းတမ်းတမ်းပဲ...
အခုကျတော့ တစ်မျိုး ဖြစ်နေတယ်...အချစ်အပေါ် မှာ အရမ်းကောင်းပြီး အလိုလိုက်တာဆို အဖေ ပြီး ရင် ဦးပဲ သိလား...အဲဒါကြောင့် ငယ်ငယ်တုန်းက အဖေ့ပေါင်ပေါ်မှာ ထိုင်ခဲ့ရသလို ဦးပေါ်မှာ ထိုင်ချင်တယ်..တစ်ခါတလေ...အဖေ့ကို ကျောပိုးသလို ဦးကိုလည်း ပိုးကြည့်ချင်တယ်..."
YOU ARE READING
မုန်းပါနဲ့ဦး (Complete)
Random"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...