Part 10

1.6K 82 4
                                    

မုန်းပါနဲ့ဦး

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

မုန်းပါနဲ့ဦး

အပိုင်း (၁၀)

#မုန်းပါနဲ့ဦး

"ဟလို ကိုကို ရောက်ပြီလား.."

"အင်း.."

"မြန်မြန်လာဗျာ...ညီ က ဒီမှာ ကားထဲ ထိုင်စောင့်နေရတာဗျ.."

"သြော်...ပင်ပန်းနေပြီဆိုပါတော့..."

"ဟဲ..ဟဲ...ဟုတ်တယ်..."

ဒီပါ လက်ကိုင်အိတ်ကို ဆွဲရင်း ဖုန်းပြောခါ ခက်သွက်သွက် လျှောက်လာလို့ ပတ်ဝန်းကျင်ကိုတောင် သတိမထား မိလိုက်ပါ..။

"ဟာ..ဟိုမှာ.."

"ဟင်..."

"ကိုဒီပါ...ကိုဒီပါ..."

"အိုး...ကျစ်..."

ဒီပါ အပြေးတစ်ပိုင်း ထွက်လာတာတောင် နောက်က တကောက်ကောက် လိုက်နေတာ မို့ စိတ်လည်း ရှုပ်မိသည်..။

ဟင်း..ရူပါရယ်...မင်းတော့လား...။

"ဟူး.."

"မောင်း...မြန်မြန်...သူတို့ လိုက်လာတယ်..."

"ဟဲ..ဟဲ..သိနေတယ်...လာပြီ.."

ကားကို ပတ်ကွေ့လိုက်ပြီး ထွက်လာချိန် ရပ်ထားတဲ့ ကားတစ်စီးနဲ့ ချိတ်မိဖို့ ဖြစ်ပြီးမှ လမ်းပေါ်သေချာရောက်တော့သည်...။

"ဟင်း.."

"ဆောရီး ကိုကို..ဟ...လန်းလှချည်လား.."

"မော်ဒယ်မင်းသား အကိုပဲကွာ..."

"ဟဲ..ဟဲ...ဆူမလို့မလား...ကျွန်တော်လည်း ဘယ်သိမလည်း...ဟိုတယ်အတွက် ကြော်ငြာရိုက်ဖို့ အကြံ ပေးတာ ကိုကိုလေ...."

"အေးလေ...ညီ့ကို ဘယ်သူက အပ်သမျှရိုက်ခိုင်းလည်း...ကျစ်..."

"ပိုးကိုဗျ....ကျွန်တော် က ဘော်ဒီ နဲ့ စတိုင်လ် ဒီဇိုင်းကာလာ အနေအထား အားလုံးကို ဒီတိုင်းထားရမှာ သမျောလို့ပါ..."

မုန်းပါနဲ့ဦး (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ